ဖန်းဟယ်က အဲ့နှစ်ယောက်ကိုရှာဖို့ နံရံပေါ်ပြေးသွားလိုက်တယ်။ သူ စတီးစက်ရုံရဲ့ ဂိတ်နံရံကို မရောက်ခင်မှာပဲ တစ်ခုကအကြီး တစ်ခုကအသေးဖြစ်တဲ့ အဲ့ဒီနှစ်ယောက် မြေပေါ်ထိုင်နေတာတွေ့လိုက်ရတယ်။

ဖုတ်ကောင်ညီလေးက ဖုတ်ကောင်အပုံလိုက်ပေါ်မှာ ထိုင်နေပြီး သလင်းအမြုတေတွေကို သူ့ပါးစပ်ထဲပစ်ထည့်နေပြီးတော့ ပူစီလေးရဲ့ လည်ပင်းအနောက်ဖက်နဲ့ နားရွက်တွေကို သူ့လက်သည်းတွေနဲ့ ပွတ်သပ်ပေးနေတယ်။ အဲ့တာက လီကျန်းရဲ့ ပုံမှန်အပြုအမူတွေနဲ့ အတူတူပဲဖြစ်ပြီးတော့ ပူစီလေးကလည်း ပွတ်သပ်တာကိုငြိမ်ခံနေရင်း သူ့ခေါင်းလေးကိုငုံ့ထားပြီး အပေါ်ကိုပင့်,ပင့်ပေးတယ်။ သူ့မျက်လုံးကိုမှေးထားပြီး ကြည့်ရတာ ပွတ်သပ်ပေးနေတာကို သဘောကျနေတဲ့ပုံပေါက်တယ်။

ဖန်းဟယ်က နံရံပေါ်မှာ ခဏရပ်နေပြီး သူ့ကြောင်လက်လေးနဲ့ သူ့မျက်နှာကိုအုပ်လိုက်တယ်။ ဒီတော့ လီကျန်း သူ့အမွေးတွေကို ပွတ်သပ်တဲ့အချိန်မှာလည်း သူအဲ့လိုတစ်ပုံစံတည်းဖြစ်နေတာလို့ ဆိုလိုတာလား။

ဖန်းဟယ်က နံရံပေါ်က ခုန်ချလိုက်တယ်။ ပူစီလေးက သူ့ရဲ့မှေးထားတဲ့မျက်လုံးတွေကို ချက်ချင်းဖွင့်လာတယ်။ သူ့ရဲ့ မင်ကျောက်လို အနက်ရောင်ကြောင်မျက်လုံးတွေက ဖန်းဟယ်ကိုကြည့်လာပြီးနောက် မြောင်သံသေးသေးလေးက သူ့ပါးစပ်လေးကနေထွက်လာတယ်။ ဖန်းဟယ်ရဲ့နှလုံးသားက ချက်ချင်းအရည်ပျော်ကျသွားပြီးတော့ သူက ပူစီလေးရဲ့စွမ်းအင်ကို လုံးဝမေ့သွားတော့တယ်။ သူက လမ်းလျှောက်သွားပြီး သူ့ကြောင်လက်လေးကိုဆန့်ကာ ပူစီလေးခေါင်းကို ပုတ်ပေးလိုက်တယ်။

ပူစီလေးက ဖန်းဟယ်ရဲ့ကြောင်လက်လေးကို သူတတ်နိုင်သမျှ ပြန်ပွတ်သပ်နေကာ လုံး၀အလိုလိုက်ထားတဲ့ ကလေးလေးလိုလုပ်နေတယ်။ အဲ့တာက လီကျန်းပြောခဲ့တဲ့ ဖုတ်ကောင်ပူစီလေးရဲ့အသိစိတ်ကရိုးရှင်းတယ်ဆိုတာ ဖန်းဟယ်ကိုသံသယဝင်လာစေတယ်။

ပူစီလေးက သူ့ရဲ့တုန်ယင်နေတဲ့ကိုယ်လေးကိုလှုပ်ပြီး ဖန်းဟယ်ရဲ့ဝမ်းဗိုက်အောက်ပိုင်းကို တိုးဝင်မလို့လုပ်တော့ ဖန်းဟယ်မျက်နှာမှာ အနက်ရောင်လိုင်းတွေပေါ်လာပြီး အလျင်အမြန်ပဲ အဝေးကိုရွှေ့လိုက်တယ်။ ပြီးတော့ သူ့ကြောင်လက်လေးက ပူစီလေးရဲ့ခေါင်းကိုဖိလိုက်ပြီး နေရာလွတ်ထဲကငါးတစ်ကောင်ကို ထုတ်လိုက်တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now