အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ

Start from the beginning
                                    

အန်တီချန်က ထိုစကားကို ကြားတဲ့အခါ လေထိုးနိုင်သော ဘောလုံးလိုမျိုး ချက်ချင်းပင် တွန့်သွားသည်။

"ငါ့သမီးက သူ(မ)ဘဝအကြောင်းကို မသိခဲ့ဘူး။ လွန်ခဲ့သော အနှစ် ၃၀ ခန့်က ငါမွေးခဲ့တဲ့ သမီးငယ်လေးက သူ့အစ်ကိုလိုမျိုး အသက် ၃ နှစ် အရွယ်မှာပဲ သေသွားခဲ့တယ်။ အဲဒီအချိန်မှာ ငါက အမှောင်ထဲမှာပဲ အမြဲငိုနေခဲ့တာ။ နှစ်ဝက်ကျော်လောက် ကြာသွားတာတောင် ငါက လက်မခံနိုင်သေးဘူး။ ငါ့မှာသာ အားကိုးရမဲ့ အမေအိုကြီး မရှိဘူးဆို မြစ်ထဲကို ခုန်ချခဲ့လောက်ပြီ။ ဒါပေမဲ့ တစ်နေ့၊ ငါ မနက်အိပ်ရာထချိန်မှာ အပြင်ကနေ ကလေးငိုသံကို ရုတ်တရက် ကြားလိုက်ရတယ်။ အဲဒီတုန်းကတော့ ငါက အထင်မှားနေတာ သက်သက်လို့ပဲ ထင်လိုက်မိတာ။ တံခါးဖွင့်လိုက်တဲ့အခါ ထုတ်ပိုးထားတဲ့ ကလေးလေး တစ်ယောက်နဲ့အတူ သူ(မ)ရဲ့ မွေးသက္ကရာဇ်ကို ရေးထားတဲ့ စာတိုလေးကိုပဲ တွေ့လိုက်ရတယ်။"

အန်တီချန်ဟာ သူ(မ) မျက်လုံးထောင့်မှာ ရှိတဲ့ မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် သူ(မ)က

"ငါ့အိမ်က မီးရထားဘူတာနှင့် ဆေးရုံနဲ့ဆို သိပ်မဝေးဘူး။ ဒါပေမဲ့ ဘယ်သူက ကလေးကို ငါတို့ အိမ်တံခါးပေါက်ထဲ ထည့်သွားလဲဆိုတာ ရှာမတွေ့ခဲ့ဘူး။ ငါတို့က ရဲစခန်းကို သွားပြီး အခြေအနေတွေကို တင်ပြပြီးတော့ ကလေးမွေးစားဖို့ လုပ်ငန်းစဉ်ကို လျှောက်လိုက်တယ်။ ငါ့ခင်ပွန်းနဲ့ ငါက ကလေးနှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။ မင်မင်က ငါတို့အတွက် ဘုရားသခင်က ပေးတဲ့ အလျော်ပေးခြင်းပဲ။ ငါတို့က သူ(မ)ကို ရတနာတစ်ခုလို ဆက်ဆံပြီး သူ(မ) ကြီးပြင်းလာတဲ့အထိ ကောင်းကောင်း စောင့်ရှောက်ခဲ့တယ်။"

အန်တီချန်က သူ(မ)ရဲ့ ချစ်စရာကောင်းသော သမီးလေးကို တွေးရင်း မျက်နှာပေါ်တွင် မရည်ရွယ်ဘဲ ပျော်ရွှင်သော အပြုံးလေးပေါ်လာခဲ့သည်။

"ငါ့ သမီးက အောင်မြင်ဖို့အတွက် အမြဲ ကြိုးစားနေတာ။ ဒါကြောင့် သူ(မ)ရဲ့ ကောလိပ်စာမေးပွဲ ရလဒ်တွေက ကောင်းတယ်။ ဒါပေမဲ့ ငါတို့ ဇနီးမောင်နှံကြောင့် သူ(မ)က ဒီ ပထမအဆင့်မြို့လေးမှာပဲ နေခဲ့တယ်။ ကံကောင်းထောက်မစွာဖြင့် အချိန်သိပ်မကြာလိုက်ဘဲ သူ(မ)က ငါ့ရဲ့သမက်ကို တွေ့ခဲ့တယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပြီး သိပ်မကြာခင်ပဲ နဂါးနှင့်ဖီးနစ် အတွဲလိုက်ဖြစ်တဲ့ အမွှာလေးတွေကို မွေးဖွားခဲ့ကြတယ်။"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now