*အေ့ပါကွာ ဒီက ငယ်ကျွန်ကြီး လုပ်ပေးပါ့မယ်ခမျ*

ခွန်း ပြုံးသယောင်လေး သမ်းသွားရပေမယ့် စိတ်ထဲတွင်တော့ မပြုံးနိုင်ပါ။
ယောကျာ်းဘဲ ခံနိုင်ရည် ရှိရမှာပေါ့ ဆိုပေမယ့် တစ်ခါမှ မချစ်ဖူး နုနယ်သေးတဲ့ နှလုံးသားလေးကတော့ နာကျင်မှု သေး‌သေးလေးတောင် ခံနိုင်ရည်မရှိပေ။

‌*ဒေါက် ဒေါက် *

*ခများကို မလာနဲ့လို့ပြောထားတာလေ လာပြန်ပြီလား *

ဟိုလူအထင်နှင့်သာ ခေတ်အော်ပြောလိုက်သည်။ သို့ပေမယ့် တံခါးက ဆက်ခေါက်နေတုန်းပင်။ ဖုန်းကြည့်နေရာမှ ထသွားလိုက်ပြီး စောင့်စောင့်အောင့်အောင့်ဖြင့်တံခါးဖွင့်ပေးလိုက်သည်။

*ဘာလည်း ပြော ....ဟင်*

ခေတ်ထင်ထားတဲ့ ဟိုလူကြီး ဟုတ်မနေပေ။ သူ့ငယ်ချင်းဆိုသော လူပင်။
ဘာလာလုပ်တာလည်းမသိပေမယ့် ယဉ်ကျေးပြမနေတော့ပေ။

*အဟင်း မေမကေ ထမင်စားမယ်တဲ့ *

*ဟုတ်ကဲ့ *

ခေတ် ပြောလည်းပြော တံခါးပြန်ပိတ်ကာ အောက်သို့ဆင်းလာခဲ့လေသည်။

*လာလာ သမီးလေး *

*ဟုတ်ကဲ့မေမေ*

ထမင်းစားပွဲတွင် ဟိုလူကြီးကို မတွေ့ရပေ။ သူဘယ်ရောက်နေတာလည်း
ပြောလိုက်တာများ လွန်သွားလို့လား။ပြန်တော့မတောင်းပန်နိုင်ပါ။သူကိုယ်တိုင်လာစတာဘဲမလားလေ။ မချစ်တော့ရင်လည်း ကောင်းတာပေါ့ ဟွန့်...။

*သားရောင် သားခွန်းရော *

*အော် မေမေ သူက မစားသေးဘူးတဲ့ မဆာသေးလို့တဲ့*

*အော် အေးအေး ပြီးရင် ထပ်သတိပေးလိုက်အုန်းနော် တော်ကြာ အစာအိမ်ပြန်ဖြစ်နေမှာစိုးလို့ *

ခေတ် စားပြီး တာနဲ့ အခန်းဆီသွားကာ ဖုန်းသာ ပြန်ကြည့်နေလိုက်သည်။
ဟိုလူကြီး ဘာဖြစ်ဖြစ် စိတ်ထဲ ထည့်မထားပေ။ အရမ်းချစ်ရင် အမြတ်ကြီးတယ်တဲ့
သူ့ကို ချစ်တယ် ဒါပေမယ့် ဇွတ်တရွတ် လုပ်တဲ့အတွက် မုန်းသည်။
မချစ်မိအောင်ကြိုးစား နေမိ သည်။ နှလုံးသားလေးကလည်း အလိုက်မသိစွာဘဲ သူမှသူ ဖြစ်နေလေရဲ့။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now