part-17

524 13 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~

အပိုင်း-17

ဧည့်သည်တွေ ပြန်ကုန်ပြီ ဖြစ်သောကြောင့် အိမ်အပေါ်ထပ်သို့တတ်ကာ
ကလေးမလေး ရှိရာဆီသို့ပင်။ အခန်းရှေ့ရောက်သော်လည်း ခြေထောက်တွေက
ဝင်ဖို့အတွက် တွန့်ဆုတ်နေမိသည်။
အခန်းတံခါးလေး တွန်းကြည့်တော့ လော့မချထားပေ။ အသာလေးတွန်းဝင်လိုက်လေသည်။

အခန်းက မှောင်မည်းနေပြီး မီးလည်းမဖွင့်ထားပေ။ ကလေးမ ဘယ်နားရှိသည်ဆိုတာတောင်မမြင်ရပေ။ခွန်းလည်း မီးပြန်ဖွင့်ဖို့ သတိမရဘဲ စမ်းတန်း စမ်းတန်း နှင့်သွားကာ ရှေ့နားရောက်တော့ တစ်စုံတစ်ခုကို တတ်နင်းမိသွားသည်။

*အားးးး*

*ဟ ဘယ်နားက အော်နေတာလည်း *

*ခများအောက်မှာလေ တတ်နင်းထားပြီးတော့ အဟင့်ဟင့်*

ကလေးမ ပြောကာမှ မီးလေး အပြေးဖွင့်ကာ ကြည့်လိုက်တော့ အောက်မှာ ငုတ်တုတ်လေး ပါးစပ်မှာလည်း မုန့်တေ ပေပွလို့ပင်။
မျက်လုံးလေး လှန်ကြည့်ကာ ‌ခုနက တတ်နင်းမိတဲ့ ခြေ‌ဖြားလေးကို ပွတ်နေလေသည်။ခွန်းအနားသို့သွားပြီး ပုဆစ်တုတ် ထိုင်လိုက်လေသည်။
ကလေးမပွတ်နေတဲ့ ခြေထောက်လေးကို ဆွဲကိုင်ကာ အသာလေး ပြန်ပွတ်ပေးလိုက်သည်။

*အရမ်းနာသွားလား ကလေး*

*ခများကိုယ်ကြီးနဲ့နင်းတာ မနာဘဲနေမလားဗျ *

*တောင်းပန်ပါတယ်ကွာ ကလေးက မီးကြီး မှိတ်ထားတာကိုကွ ဘယ်လို လုပ်မြင်မတုန်း*

*ခများက အခန်းထဲ ဘာဝင်လုပ်တာလည်း ကိုယ့်အခန်းကိုသွားလေ*

*မင်းနဲ့ ငါနဲ့က လပ်ထက်ထားတဲ့ အကြင်လင်မယားတွေဖြစ်နေပြီလေ
ရှေင်ပြေးချင်တုန်းလား အဲ့လိုဆော့မရဘူး ဒီအခန်းမှာဘဲ အိပ်မယ် ဘယ်မှမသွားနိုင်ဘူး*

ခွန်း ပြောလည်းပြောပြီး ခေတ်ကို ကောက်ချီလိုက်လေသည်။ ပြူးကြောင်ကြောင်နှင့် ပါလာသော ကလေးမကို ကုတင်ပေါ်သို့ အသာတင်ကာ အပေါ်ကနေ အုပ်မိုးထားလိုက်သည်။

*ခများ ဘာလုပ်တာလည်း *

*အဟက် ကို့ယ့်မိန်းမလေး အရမ်းတေချစ်ဖို့ကောင်းလွန်းလို့ပါကွာ
တစ်စိမ့်စိမ့်လေး ကြည့်ချင်လို့ ငြိမ်ငြိမ်နေ *

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now