part-6

607 12 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~
အပိုင်း-6

ဒီတစ်ခါ အော်သူကတော့ ခွန်းကိုယ်တိုင်ပင် ။
အောက်ကနေ ခွန်းခြေသလုံးကို ခွေးလို ကုန်းကိုက်နေသော ဟိုကောင်မလေး။

*ဟာ့ နာလို့ သေတော့မယ်ကွာ မင်းကွာ
မင်းက ခွေးလား ဒီလောက်ကိုက်နေတာ *

ပြောနေတာကိုပင် ဂရုမစိုက်ဘဲ ဆက်ကိုက်နေသော
‌ကောင်မလေးကို နာခေါင်းကိုသာ လက်နှင့်ဖိလိုက်တော့သည်။

*အွန့် အွန့်*

ခေတ် အသက်ရှူကျပ်ကာ တအွန့်အွန့် ပင် ဖြစ်နေရသည်။ကိုက်ထားတာကို လွှတ်လိုက်ကာ ရုန်းကန်ပြီး
တုံးလုံး လှဲချလိုက်လေသည်။

*ဟောဟဲ ဟောဟဲ*

ရင်ဘက်လေးဖိကာ အမောဖြေနေသော
ကလေးမကိုကြည့်ကာ ခွန်း စိတ်လည်းတို သနားလည်း သနား ဖြစ်နေရသည်။ဘာမှ မပြောတော့ ဘဲ အခန်းထဲသို့သာ ဝင်လိုက်သည်။

ခေတ်ကတော့ အခန်းရှေ့ကနေ အတော်နှင့် မသွားသေးဘဲ ထိုးတဲ့ပုံ ကန်တဲ့ပုံ အမူယာတွေ အမျိုးမျိုး လုပ်ပြီးမှ သာ သွားတော့သည်။

ဒီနေ့ ဧည့်သည်တွေလာမှာမို့ ခွန်း မိုးလင်းကတည်းက အလုပ်ရှုပ်နေရသည်။ဟိုကောင်မလးကို တော့
ခုထိ မတွေ့သေးပေ။ မိုးလင်းရင် ခြံထဲသွားလိုက်
မိုးချုပ်မှ ပြန်လာလိုက်နှင့် မတွေ့တာပင် ကြာပြီ ဖြစ်သည်။ ထူးထူးဆန်းဆန်း ဒီနေ့ တွေ့ချင်နေမိသည်။
မနေနနိုင်တော့ဘဲ မေမေ့ ဘေးသို့ ကပ်ရပြီဖြစ်သည်။

*မေမေ *
*အေးသား ပြောလေ *
*ဟိုကောင်မလေးရော မတွေ့ပါလား*
*ဩ သူ့ကို ခြံဘက်တဲ့ သားငယ်ခေါ်သွားတယ်လေ*
*ဗျာ *

ချက်ချင်းဆိုသလို ဒေါသတွေပင် ထွက်လာရသည်။
ညီငယ်ကတော့ အတီးခံချင်ပြီ ထင်တယ် ။
ဟူးး ကိုယ်တိုင်ကလည်း ရှင်းရှင်း မပြောထားရတော့
ခက်သည် ။

အဟွန်း ယောကျာ်းလေးတွေ တရုန်းရုန်းနှင့်
စကားဖောင်ဖွဲ့ နေကြသော ဟိုကလေးမကို တွေ့ပါပြီ။

*ကားပေါ်က ပစ္စည်းတေ လာသိမ်း *

တစ်ခွန်းဘဲ အော်ခဲ့ပြီး ခြေလှမ်းတွေက ဟိုကလေးမဆီသို့ပင်။ ညီငယ်နှင့် ပခုံးဖက်ပြီး စကားပြောနေသော ကလေးမကို လက်ကနေစောင့်ဆွဲလိုက်လေသည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now