part-18

555 11 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~
အပိုင်း-18

ဆရာဝန် ‌က သေချာစစ်ဆေးပေးပြီး ဆေးတစ်လုံးထိုးပေးသည်။ ကလေးမလည်း အိပ်ပျော်နေတုန်းပင် ။ တော်တော် ပင်ပန်းသွားတယ်ထင်ပါရဲ့ ။
အိပ်ပျော်နေတဲ့ ကလေးမကို စောင်လေး သေချာခြုံပေးခဲ့ပြီး ဆရာဝန်ကို အိမ်ရှေ့ထိ လိုက်ပို့လိုက်သည်။ ပြီးတော့ မီးဖိုခန်းထဲဝင်ကာ ကြက်သားစွတ်ပြုတ်လေးကို
အရသာ သေချာလေးကောင်းအောင် ချက်ပြီး အခန်းထဲယူသွားလိုက်သည်။
11 နာရီဘဲထိုးပြီ ဒီကောင်မလေူ ခုထိ မနိုး သေးပေ။
မနက်စာလည်း မစားရသေးသောကြောင့် နိူးကြွေးရင် တိုးတိုးလေးအရင်ခေါ်ကြည့်လိုက်သည်။

*ကလေးလေး ထတော့လေ*

*ကလေးရေ ကိုယ် ကလေးအတွက် စားစရာလုပ်လာတယ် *

*ကလေးလေးလို့ ထအုန်းလေကွာ ဒီမာ မင်းယောကျာ်းခေါ်နေတယ်*

သုံးခွန်းထိ ခေါ်ပြီးကာ မှ မျက်လုံးလေးပွင့်လာဆော့သည်။ ဆေးအရှိန်ကြောင့်ပါရောပြီး လူက မထချင်ပေ။ ဗိုက်ထဲက အကောင်လေးတွေကတော့ တဂွီဂ္ယွီ နဲ့ပင် အော်နေပြီ။

*အခန်း ထဲဘာလာလုပ်တာလည်း ဦးလေး သွားထွက် *

ကယ် ကြည့် တစ်မနက်လုံး ပြုစုနေတာကြ သူမသိဘူး အခုလည်း နှင်လွှတ်နေပြန်ပြီ ။ကျေးဇူးအရမ်းသိတတ်တဲ့ ကလေးမဘဲ ဟင်းးး..။

*ကလေး ရော့ ကြက်သား စွတ်ပြုတ်လေး သောက်လိုက်အုန်း
ညကညဘာတွေများ စားလိုက်တာလည်းကွာ ဟိုထဲမှ အိပ်ရတဲ့အထိဆိုတော့*

*ခများနဲ့ဘာဆိုင်လို့လည်း ကိုယ့်ဘာကိုယ် စားချင်တာစားမှာပေါ့*

*ကယ် ကြည့် အခု စားချင်တာ စားလို့ အခုလို ဖြစ်နေတာ မဟုတ်ဘူးလား
ဒီကောင်မလေးကတော့ ရိုက်လိုက်ရ ဆော့ အဟွန်း *

*ရိုက်ရဲရင် ရိုက်ကြည့်ပါလား ဟွန်း ကျွန်တော့လက်သီးနဲ့တွေ့သွားမှာပေါ့*

*ကြောက်ပါတယ်ကွာ ဟုတ်ပြီလား ဒါအရင်စားလိုက် ပြီးရင်ဆေးသောက်ရမယ်*

နောက်ဆုံးတော့ ခွန်းသာ အ‌လျှော့ပေးလိုက်ရသည်။ဆက်ပြောနေရင် စွာစွာလန်နေတာ မေမေတို့ ကြားတော့မည်ဖြစ်သည်။ တော်ကြာ သူ့ချွေးမက အရိုင်းစိုင်းလေးဆိုပြီး စိတ်ခုနေမှာ စိုးရသည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now