Part - 29 ( Zawgyi)

Start from the beginning
                                    

ကိုကို့ရဲ့မျက်နှာကပြုံးနေပေမယ့် ကိုကို့ရဲ့စကားသံတို့က
ဆိုနင့်နေဆဲ ။ ဒီလူက သူမမပါရင် ဘယ်သံသရာကိုမှ
ခရီးမဆက်ချင်တာ မသိလေရော့သလားဗျာ။

" တောင်းပန်ပါတယ် ကျွန်တော်ကအထင်လွဲခဲ့မိတာတွေ
ကြောင့် ကိုကိုအများကြီးပင်ပန်းခဲ့ရမှာပဲ "

ကိုယ့်စကားကြောင့် ကိုကိုက ခေါင်းကိုဖြေးညှင်းစွာ
ခါပြလာရင်း

" မဟုတ်တာ တောင်းပန်စရာမလိုပါဘူး ကိုယ်ကမှားခဲ့
တာတွေလဲရှိခဲ့တာပဲဟာ၊သက်ထက်လေးက ဘာလို့
တောင်းပန်ရမှာလဲ၊ မှားတဲ့လူကတောင်းပန်ကြေးဆို
ကိုယ်ကသာ သက်ထက်လေးကိုတောင်းပန်နေရမယ့်
ကောင်ပါ၊ အမှန်တိုင်းဝန်ခံရရင် ဖေဖေနဲ့သက်ထက်
မေမေအသတ်ခံရတဲ့ကိစ္စက ကိုယ့်ပယောဂမကင်းဘူး၊
လူဇော်ဆိုတဲ့ကောင်က ကိုယ်နဲ့ရန်ညှိုးရှိခဲ့တာလေ၊
ကိုယ်မြန်မာပြည်မှာမရှိတုန်း ကိုယ့်အကြောင်းတွေကို
စုံစမ်းဖို့ သက်ထက်တို့အိမ်ကိုသွားခဲ့တာ ၊ အိမ်မှာ
ဘယ်လိုအတိုက်အခံဖြစ်တယ်ဆိုတာကို သေသေချာချာ
မသိလိုက်ပေမယ့် ကိုယ့်ကြောင့် သက်ထက်မိဘတွေ
ကိုဆုံးရှုံးလိုက်တာက အမှန်တရားပါ ကိုယ့်က
လူ့အရိုင်းအစိုင်းကောင်ပါ ၊ တကယ်ကိုအများကြီး
ထိခိုက်နာကျင်သင့်တဲ့ကောင်ပဲ"

သက်ထက်ကတော့ ကိုကို့လက်တစ်ဖက်ကိုသာ
တင်းကျပ်စွာကိုင်ထားမိရင်း

" ကိုကိုက အဲလိုတွေဖြစ်အောင် တမင်ရည်ရွယ်ပြီး
လုပ်ခဲ့တာမှမဟုတ်တာ ၊ ဒီလိုအခြေအနေတွေကို
ဖြစ်လာပါစေလို့မရည်ရွယ်ခဲ့တဲ့အတွက် ကိုကို့အမှား
မဟုတ်ပါဘူး၊ ကိုကိုက ရိုင်းခဲ့တယ်ဆိုရင်တောင်
လူယုတ်မာတစ်ယောက်မဟုတ်ခဲ့ဘူးလေ၊ကိုကိုမှာသာ
ယုတ်မာတဲ့စိတ်မျိုးရှိနေခဲ့ရင် သားကိုတာဝန်ယူပေးဖို့အထိ
ကိုကို တွေးပါ့မလား၊ အဲအချိန်တုန်းက သားကို
မချစ်သေးတဲ့အချိန် ၊ ကိုယ်နာကျည်းနေတဲ့မိသားစု
ရဲ့တစ်ဦးတည်းသောသွေးသားကို ပစ်ထားလို့ရတဲ့
အခြေအနေမှာတောင် တာဝန်ယူပေးခဲ့တဲ့သူပါ၊
အဲလိုတွေကြောင့်ပဲ ကိုကိုက နာကျင်ထိခိုက်ခံစားရတာ
မျိုး တွေကြုံရဖို့မတန်တဲ့သူပါ "

My Husband Hates Me ( Completed )Where stories live. Discover now