🖤 My Daddy 🖤 Part 6

340 37 1
                                    

First : ဒါနဲ့ မွေးနေ့မှာဘယ်တွေသွားနေတာလဲ အိပ်ကိုစောစောလာသင့်တယ်လို့မထင်ဘူးလား Daddy ကို အလေးမထားတာလား

Khaotung : မဟုတ်ပါဘူး Daddy ကလဲ
Fourth ကိုစောင့်နေလို့ နည်းနည်းလေးနောက်ကျသွားတာပါ

First : Daddy မင်းကို Fourth နဲ့ဝေးဝေးနေပါလို့ပြောထားတယ်လေ

Khaotung : Fourth နဲ့ကကျောင်းစတက်ကတည်းက သူငယ်ချင်းဖြစ်လာတာလေ Daddy လဲသိရက်သားနဲ့

Daisy : Happy Birthday khaotung
မွေးနေ့ကစပြီပျော်ရွှင်ပါစေနော်

Khaotung : ရောက်လာပြန်ပြီ မဖိတ်ထားဘဲနဲ့

First : Daisy ကို Daddy ဖိတ်လိုက်တာ

Khaotung : ကျွန်တော် အဝတ်သွားလဲလိုက်အုံးမယ်

Khaotung အဲဒီ Daisy ဆိုတဲ့ မိန်းမကိုကြည့်မရပါ လာတိုင်း Daddy ကိုမြူစွယ်နေတာ အသိသာကြီး Daddy ကလဲ ဘာကြောင့်အဲမိန်းမကို ဖိတ်ထားရတာလဲ မသိဘူး

Khaotung ရေချိုးပြီ ပေါ့ပေါ့ပါးပါးအဝတ်တစ်ထည်ကို ဝတ်လိုက်သည် ပြီနောက် အောက်ထပ်သို့ဆင်းသွားသည်

First : ဘာလိုကြာနေတာလဲ ဒီမှာအကုန်လုံးကစောင့်နေကြတာ အမြန်လာထိုင်

Khaotung : ကျွန်တော်က လာတဲ့ဧည့်သည်ပြန်သွားပြီထင်လို့ အေးဆေးရေချိုးပြီမှဆင်လာတာ အတော်လေစောင့်လိုက်ရလား

Khaotung ဟိုမိန်းမကိုသေချာစိုက်ကြည့်ပြီ ရွဲ့ပြောလိုက်သည်

Daisy : မွေးနေ့ရှင်ကိုသေချာလေးကြည့်ချင်လို့ပါ တစ်ချိန်မှာ သားဖြစ်လာနိုင်တာပဲလေ
မဟုတ်ဘူးလား ခွန် First Kanaphan

Khaotung : စိတ်မရှိပါနဲ့ ဗျ Daddy အတွက်ကျွန်တော်တစ်ယောက်ထဲရှိရင်ရပြီ တစ်ခြားသူစိမ်းတွေမလိုအပ်ဘူး

First : အဟမ် အဟမ် ထမင်းစားကြတာပေါ့

စပ်စပ်ထိမခံ Khaotung အကြောင်း
သိလို့ First ဝင်တား၍ ထမင်း စားရန်သာ ပြောရတော့သည်

Daisy : ခွန် First Kanaphan မနက်ဖြန်
ကြရင် အိမ်ထမင်းစားလေဖိတ် ချင်လို့ အားရင်လာခဲ့လေနော်

Khaotung : Daddy မနက်ဖြန် ကျောင်းမှာဆုပေးပွဲရှိတယ် အဲဒါကျွန်‌တော်လဲဆုရတယ် Daddy လိုက်ခဲ့ပေးအုံး ပြီရင် ကျွန်တော် လိုအပ်တာလေးတွေအတွက် shopping လဲလိုက်ပို့ပေးအုံး

First : Daddy လိုက်ခဲ့မယ် အပြန်ကြမှ shopping ထွက်ကြတာပေါ့

Khaotung : ဟုတ် အဲဒါကြောင့် Daddy ကိုချစ်နေရတာ

Daisy : ဒီနေ့ ညစာအတွက်ကျေးဇူးပါနော် ခွန် First Kanaphan

Khaotung : ရပါတယ် တစ်ယောက်စာလေးလောက်ကတော့ Daddy မကျွေးလဲ ကျွန်တော် ကျွေးနိုင်ပါတယ် ဆန္ဒရှိရင် ကျွန်တော်တစ်ရက်လောက် ဝယ်ကျွေးပါရစေ

Daisy : ကောင်းတာပေါ့ ပိုရင်းနှီးတာပေါ့

Khaotung : အိမ်ပြန်လမ်း ဂရုစိုက်ပါ နောက်နေ့တွေကြထပ်တွေ့နိုင်အောင်လို့ပါ

Daisy : သားလေးက အရမ်းအစအနောက် အရမ်းသန်တာပဲ

Daisy ပြန်ပြီနောက်

First : မနက်ဖြန်ကျောင်းမှာ ဘာဆုပေးပွဲမှမရှိဘူးမလား

Khaotung : ဟိဟိ ဟုတ်တယ် မရှိဘူး ဒါပင်မဲ့ shopping ကတော့တကယ်သွားမှာလိုအပ်တာတွေဝယ်ဖို့ Daddy လိုက်ပို့ပေးရမယ်

First : စောစောအိပ် မနက်ကြကျောင်းကို Daddy လိုက်ပို့‌ပေးမယ်

Khaotung : အာ့ဆို ကျွန်တော်သွားပြီ Good night ပါ Daddy

နောက်ကျသွားလို့တောင်းပန်ပါတယ်ရှင့် 😁😁

🖤 My Daddy 🖤Where stories live. Discover now