🖤 My Daddy 🖤 Part 47

242 14 4
                                    

   ကုန်တင်သင်္ဘောဆိပ်ကမ်းတစ်ခုမှာတော့ လူတစ်ယောက်ကအလုပ်သမားများကိုအော်ဟစ်ကြိမ်းမောင်းပြီ သူရဲ့ကုန်ပစ္စည်းတွေကို သင်္ဘောပေါ်သို့ခပ်မြန်မြန်တင်ခိုင်းနေသည်

Somchai : မင်းတို့တွေ ဒီထက်မြန်မြန်မလုပ်နိုင်ကြဘူးလား ! အမြန်တင် ခနနေသင်္ဘောကထွက်တော့မယ် အမြန်တင်ကြ ! တစ်ယောက်မှမနားကြနဲ့ ကြားလား !

Daisy ရဲ့ကုန်ပစ္စည်းတွေကို ဒီနေ့ညအပြီးပို့ပေးရမှာဖြစ်သည့်အတွက် သူလောနေရသည် ဒါပင်မဲ့ သူမသိတာက ဒီနေရာကို Khaotung က သူရဲ့လူကိုစောင့်ကြည့်ခိုင်းထားတာကိုပင်

Nike : Khaotung ပို့ပေးထားတဲ့တည်နေရာက ဒီဆိပ်ကမ်းပဲ ဘယ်လိုလဲငါတို့အခြေအနေစောင့်ကြည့်ပြီမှသွားကြမလား

Fourth : အခြေအနေစောင့်ကြည့်နေရင်း ငါဖမ်းချင်တဲ့သားကောင်လွှတ်သွားလိမ့်မယ် အခုပဲသွားကြတာပေါ့

Nike : နေအုံး Fourth မင်း Khaotung ပြောထားတဲ့အတိုင်းလုပ်မှာမလား

Fourth : Nike ငါဘယ်လိုခံစားနေရတယ်ဆိုတာကို မင်းသိမှာပါ ဒီအချိန်မှာ ငါ‌လူသတ်ချင်နေတာပဲသိတယ်

Nike : ကောင်းပြီ မင်းလုပ်ချင်တာကိုသာလုပ်လိုက် ကျန်တဲ့ကိစ္စနောက်မှဖြေရှင်းကြတာပေါ့

Fourth : အင်း ငါကိုနားလည်ပေးတဲ့အတွက်ကျေးဇူးပါ Nike အခုတော့သွားကြရအောင်

Fourth နဲ့ Nike သေနတ်တစ်ယောက်တစ်လတ်စီကိုင်လိုက်ပြီ ကားပေါ်ကနေဆင်းလိုက်၍ တရားမဝင်တဲ့မူးရစ်ဆေးဝါသယ်ယူနေတဲ့ သင်္ဘောဆီကိုသာခပ်မြန်မြန်ဦးတည်၍သွားနေကြသည်

Nike : ငါအခြေအနေသွားကြည့်လိုက်အုံးမယ် Khaotung ပြောတာတော့ Daw Daisy ကအစောင့်တွေမလွှတ်ထားဘူးလိုပြောတယ် သေတော့မသေချာဘူး

Fourth : သူတို့သာလူမလွှတ်ထားရင်ငါတို့အတွက်ပိုအဆင်ပြေမှာ

Nike : ‌အေး ဟုတ်တယ်

Fourth : သူတို့လူရှိလဲကိစ္စမရှိပါဘူး ငါမှာကျည်ဆံအလုံအလောက်ပါတယ် ဒါဆို သွားကြရအောင်

Man : ဒုခေါင်းဆောင်တို့နှစ်ယောက်ရောက်လာပြီလားဗျ

Fourth : မင်းကဘယ်လိုလုပ်ပြီတော့ရောက်နေတာလဲ

🖤 My Daddy 🖤Where stories live. Discover now