"အခု မင်းတို့နှစ်ယောက် ယုံသင့် ပြီ ငါ့ကိုပြန်တိုက်ခိုက်နေလည်း အလကားပဲ အရှုံးပေးလိုက်
တော့" ယင်အမတ်ကြီးက သူတို့နှစ်ယောက်နောက်သို့ လိုက်၍ မတိုက်ခိုက်ပေ။သူသည် မူလနေရာ
၌သာ ရပ်၍ လုံချန်တို့နှစ်ယောက်အား အေးစက်စွာဖြင့် ကြည့်နေခြင်းဖြစ်၏။

ဓားရှည်ကို မြေပြင်တွင်ထောက်၍ အားပြုကာ လုံချန်က မတ်တပ်ရပ်လိုက်သည်။လုံချန်က သူ့ခေါင်း
ကိုခါ၏။သွေးများသည် တစ်စက်စက်ဖြင့် သူ့ပါးစပ်မှ ကျနေတုန်းပင်။

"ဒီလို လွယ်လွယ်နဲ့ အရှုံးပေးလိုက်ရင် ကျုပ် လုံချန်ဘယ်ဟုတ်တော့မလည်း ခင်ဗျားခေါင်းကိုတောင် ကျုပ်
ဖြတ်ရသေးတာမဟုတ်ဘူး"

ယင်အမတ်ကြီးက လုံချန်ကို အေးစက်သည့်အကြည့်ဖြင့်ကြည့်လိုက်၏။သူ့ဒေါသသည် ရုတ်ချည်း ရယ်
မောခြင်းအဖြစ်သို့ပြောင်းသွားသည်။

"ဟားဟား မင်းက လုံရှင်းရှောင်ရဲ့သား ဖြစ်ထိုက်ပါတယ် မင်းရဲ့အရိုးတွေ ဘယ်လောက်မာသလည်း
ဆိုတာကို ငါချိုးကြည့်ချင်သေးတယ် ကောင်လေး သွားသေလိုက်တော့"

ထိုသို့ပြောပြီးသည်နှင့် ယင်အမတ်ကြီးက ရုတ်တရက်လှုပ်ရှားလိုက်သည်။မျက်စိတစ်မှိတ်အတွင်း၌ သူ့
အရှေ့သို့ လျှပ်ပြက်သလို ရောက်ရှိလာသည့် ယင်အမတ်ကြီးကိုကြည့်၍ လုံချန်သည် အံ့အားသင့်လျှက်
ရှိသည်။ယင်အမတ်ကြီးက ကြောင်အမ်းအမ်းဖြစ်နေသည့် လုံချန်အား ဓားဖြင့်ပိုင်းချလိုက်သည်။

ယင်အမတ်ကြီး၏ တိုက်ခိုက်မှုအား လုံချန်က ပြန်လည် ခုခံခြင်းမပြုပဲ ယင်းအစား
ဓားဖြင့်ပြန်ပိုင်းချလိုက်၏။ဤသို့ တစ်ဖက်သား၏ တိုက်ခိုက်လာမှုကို ခုခံခြင်းမပြုပဲ ပြန်တိုက်ခိုက်
ခြင်းသည် သိုင်းပညာဟု ပြောရခက်သည်။တစ်နည်းအားဖြင့် သေကြောင်းကြံသည်နှင့်ပင်တူ၏။

လျှင်မြန်ခြင်းအရာ၌ သူသည် ယင်အမတ်ကြီးအား မယှဉ်နိုင်သကဲ့သို့ သိုင်းပညာ၌လည်း ယှဉ်နိုင်
သည်မဟုတ်ပေ။သို့ဖြစ်ရာ သူလုပ်နိုင်သည်မှာ သူ့၏ 7 ပေခန့်ရှည်သည့်ဓားရှည်အား အားကိုးခြင်းပင်
ဖြစ်သည်။သူသည် သူ့၏ ရဲစွမ်းသတ္တိနှင့် ခေါင်းမာခြင်းတို့ပေါင်းစပ်၍ ယင်အမတ်ကြီးကို တိုက်ခိုက်နိုင်
သည်ဖြစ်ရာ ဤသို့ တိုက်ခိုက်ခြင်းသည် အလွန်အန္တာရာယ်များသည့်တိုင် အချိန်ဆွဲထား၍တော့ရ
ပေသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now