ထို့ကြောင့် သံသယဖြစ်စရာ အကောင်းဆုံးက အိမ်ရှေ့စံပင်ဖြစ်သည်။ထို့ပြင် လီဟိုအား သတ်သွား
သည့် လူသတ်သမားကိုလည်း အိမ်ရှေ့စံ၏ သစ္စာတော်ခံ တစ်ယောက်အဖြစ် အိမ်ရှေ့စံအနား
တွင် ပြန်တွေ့ရသည်။သက်သေများအားလုံးက အိမ်ရှေ့စံကိုသာ ညွှန်ပြနေ၏။

"ကျေးဇူးအများကြီးတင်ပါတယ်" လုံချန်က လက်သီးဆုပ်၍ ပြောသည်။

"ဟားဟား ကျုပ်က ဘာမှမပြောဘူးလေ ညီလေးရဲ့ ကျေးဇူးတရားကို လက်မခံပါရစေနဲ့" စတုထ္ထ
မင်းသားက ရယ်သည်။ပြီးလျှင် သက်ပြင်းတစ်ချက်ချလိုက်၏။

"တစ်ခါတစ်လေများဆိုရင် ကျုပ်က မင်းတို့နိုဘယ်တွေကို သိပ်အားကျတာပဲ မင်းတို့ကတော့ ကျုပ်
တို့နဲ့မတူပဲ လွတ်လွတ်လပ်လပ် နေနိုင်ကျတယ် ပြောရရင် ရှချန်ဖုန်းဟာ ချုယောင်နဲ့
လက်ထပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ ဆယ်ရက်အတွင်း မဟာရှကိုပြန်တော့
မယ် ကျုပ်က ဒီကောင့်မျက်နှာကို လက်သီးနဲ့ ထိုးပစ်ချင်ပေမယ့် တွေ့တိုင်းပြုံးပြနေရတယ်
ဒါဟာ နန်းတွင်းမှာနေရတဲ့ မလွတ်မလပ်ဘ၀ပဲ"

"သူက ဆယ်ရက်အတွင်းပြန်မှာလား" လုံချန်က လှုပ်လှုပ်ရှားရှားမဖြစ်သွားချေ။သို့တိုင်အောင် သူ့
မျက်လုံးထဲ၌ တော့ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။စတုထ္ထမင်းသားမှာ လုံချန်
၏ အနည်းငယ် ပြောင်းလည်းသွားသည့် အမူအရာကို သတိထားမိပုံမရပဲ လက်ဖက်ရည်တစ်ငုံအား
စုပ်သောက်နေသည်။ပြီးမှသူက ပြန်ပြော၏။

"အမှန်ပဲ သူက တောင်ဘက်ကလမ်းကနေ ပြန်လိမ့်မယ် အဲ့ဒီလမ်းက မဟာရှကိုမြန်မြန်ရောက်တဲ့
ဖြတ်လမ်းလေ မင်းသမီးတစ်ပါးရဲ့ မင်္ဂလာပွဲက ပြင်ဆင်စရာတွေအများသားကလား"

လုံချန်က ခေါင်းငြိမ့်၍ ထိုအချက်ကိုမှတ်ထားလိုက်၏။တစ်ချိန်းတည်းတွင် သူ့အတွေးထဲ၌ ပက်ပက်
စက်စက် အကြံတစ်ခုပေါ်လာသည်။ထိုအကြံတိုင်းသာ လုပ်နိုင်မည်ဆိုလျှင် ချူယောင်ကိစ္စကို လွယ်
လွယ် ဖြေရှင်းနိုင်မည်။

စတုထ္ထမင်းသားနှင့် လုံချန်က အချိန်ခဏကြာ စကားဆက်ပြောနေပြီး လုံချန်ပြန်သည့်အချိန်၌ သူက
ယဉ်ကျေးစွာဖြင့် လိုက်ပို့၏။စတုထ္ထမင်းသားက သူ့အခန်းသို့ ပြန်ရောက်သည်နှင့် မိန်းမတစ်ယောက်
သူ့အခန်းတွင် ရောက်နေသည်ကို တွေ့၏။ထိုမိန်းမက အသက်သုံးဆယ်ခန့်သာရှိဦးမည်ဖြစ်ကာ
မျက်နှာထက်တွင် ဇာလွှာတစ်ခုကို လွှမ်းခြုံထားသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now