ဤအချက် ကို သူက ထည့်မတွက်လိုက်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။သို့ရာတွင် ယခု
အချိန်ရောက်မှတော့ နောင်တရ၍လည်း အသုံး၀င်မည်မဟုတ်တော့ပေ။ယခုအခါ ၌ သူမျှော်
လင့်နိုင်သည်က ဟွာယွန်အိမ်တော်သည် သူတို့၏ ဂုဏ်သိက္ခကို ထိန်းပြီး ဆေး၏ ဇာစ်မြစ်ကို
မပြော တန်ကောင်းရာ ဟူ၍ ဖြစ်သည်။

၀မ်လုယန် က သန်းငါးရာ စျေးပေးလိုက်သည်တွင် လူထုက တစ်မုဟုတ်ချင်း ငြိမ်ကျသွားသည်။
ယင်အမတ်ကြီးပင် အသံထွက်မလာတော့ပေ။သန်းငါရာဆိုသည်က သူမဖြုန်းနိုင်သည့်ပမာဏ
ဖြစ်သည်။လေလံပွဲက ယခုလို အခြေအနေရောက်လာပြီ ဖြစ်သောကြောင့် နန်ရှင်း အနေနှင့်
လည်း လူများ စိတ်၀င်စားစေရန် တို့မီးရှို့မီး လုပ်ပေးစရာမလိုတော့ချေ။

မည်သူမှ စျေးမပေးတော့သည်နှင့် နန်ရှင်းက စရေတော့သည်။နောက်ဆုံး၌ ဒုတိယအဆင့်
အရိုးမူလပြန်ဆေးအား ၀မ်လုယန် ရသွားလေသည်။

"လူတိုင်းပဲ မသွားကြပါနဲ့ဦးရှင် ပွဲကမပြီးသေးပါဘူး"

လူတိုင်းက ထရန် ပြင်ဆင်နေသည်ကိုမြင်လျှင် နန်ရှင်းကပြုံးလိုက်ကာ လာပေးသော မိန်းမပျို
လေးထံ မှာ နောက်ထပ် သေတ္တာတစ်လုံးကို လက်ခံယူလိုက်သည်။လူတိုင်း၏ အမူအယာက
အနည်းငယ်ထူးဆန်းသလို ဖြစ်ကုန်သည်။ယခုဆေးထက် ပိုရှားသည့် နောက်ထပ် ရတနာတစ်ခု
ကမည်သည့်အရာများ ဖြစ်မည်နည်း။

နန်ရှင်းက သေတ္တာလေးကို ဖွင့်၍ ဆေးကိုပြလျှင် လူတိုင်းကြက်သေသေကုန်တော့သည်။
ထိုဆေးက အစောပိုင်းက လေလံတင်သည့် အရိုးမူလပြန်ဆေးနှင့်ချွပ်စွပ်တူသည်။နောက်ထပ်
ဆေးတစ်လုံးဟုပင် ထင်ရ၏။ဟွာယွန် အိမ်တော်က လူတွေက လေလံဆွဲသူတွေကို တမင်သက်သက်
ကစားနေခြင်းပေလော။

၀မ်လုယန် က ထိုဆေးကိုမြင်သည်တွင် ရုတ်ချည်းမတ်တပ်ရပ်လိုက်သည်။လူတိုင်းက သူ့ကို အမျက်
ချောင်းချောင်းထွက်တော့မည်ဟု ထင်သွားကြ၏။သို့သော် လူတိုင်းထင်မှတ်ထားသကဲ့သို့ ဖြစ်၍ မလာ
ပဲ သူက ထိုဆေးကို အရူးတစ်ယောက်လို ကြည့်ကာ တစ်ဟားဟားရယ်လိုက်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang