သူက လေလံတစ်ကြိမ်မှ ၀င်မဆွဲရခြင်းမှာ သူ့အတွက်စိတ်၀င်စားလောက်စရာ တစ်ခုမှ မတွေ့
၍ ဖြစ်သည်။ဤသို့သော လူမျိုးက မလုပ်လျှင်လည်းမလုပ်၊လုပ်လျှင်လည်း ချက်ကောင်းကို ကိုင်
သည် ဆိုသည့်လူစားမျိုးပင်။သာမာန်ဒုတိယအဆင့် ဆေးများကို သန်းသုံးဆယ် မှ သန်းလေးဆယ်
အတွင် ရောင်းချရာ ယခုလို အဆမတန် စျေးမြင့်နေသည့်ဆေးကို ကြည့်လျှင် လေလံဆွဲနိုင်သူက
သိပ်မရှိကြောင်းသိနိုင်သည်။

သည်သို့သောရတနာ မျိုးက ကံကောင်းမှသာ ရနိုင်သည်။အကယ်၍ သိုင်းသမားတစ်ယောက်က
တိုက်ပွဲအတွင်း၌ လက်မောင်းပြတ်ခဲ့လျှင် သူ့၏ တိုက်ခိုက်နိုင်စွမ်းမှာ များစွာထိုးကျသွားမည်ဖြစ်
ကာ နောက်ဆုံးတွင် အသက်ပင် သေလိမ့်မည်။သို့သော် အရိုးမူလပြန်ဆေးက အသက်ကယ်ဆေး
နှင့်တူသည်။

ရှချန်ဖုန်း နှင့် ရှပိုင်ချီတို့က အလွန်အမင်းနောင်တရနေကြသည်။သူတို့တွင် ငွေလုံလုံလောက်လောက် မရှိ
တော့သည် ဖြစ်ရာ ရှားပါးရတနာ တစ်ပါးအား သူများ၀ယ်သွားသည်ကို ဘာမှမတတ်သာပဲ
ကြည့်နေရတော့မည်။

"သန်းလေးရာ"

ယင်အမတ်ကြီး၏ ခပ်ပျော့ပျော့လေသံက ထွက်လာသည်။ဤဆေးကို သူပါ လေလံ၀င်ဆွဲလိမ့်မည်
ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

"သန်းငါးရာ"

၀မ်လုရန်ကလည်း တွေဝေနေခြင်းမရှိ။ချက်ချင်း စျေးလိုက်ပေးသည်။ဤအရာကား သူ့၏ ယုံကြည်မှု
ဖြစ်သည်။ယင်အမတ်ကြီးက နိုဘယ်တစ်ယောက်ဖြစ်သည့်တိုင် ငွေကြေးဥစ္စာတွင်တော့ အင်ပါယာ
တစ်ခုလုံးကိုပင် ချုပ်ကိုင်ထားသော သူ့လောက်ကြွယ်ဝြပည့်စုံမည်မဟုတ်ချေ။

အလယ်အဆင့် ဒုတိယအမျိုးအစား ဆေးအား မြေကမ္ဘာ သိုင်းကျမ်းစျေးဖြင့် ရောင်းသည်ကိုမြင်လျှင်
လူထုက အံ့သြ မှင်တက်ကုန်သည်။လုံချန်ပင်လျှင် ရင်တွေ တစ်ဒိုင်းဒိုင်းခုန်လာသည်။ကြည့်ရသည်
က ဤခေတ်၌ ဆေးကျမ်းတော်တော်များများက ပျောက်ဆုံးကုန်ပြီး ဖြစ်ပုံပင်။

သူ့၏ ဆေးနတ်ဘုရားမှတ်ညာဏ်ထဲ၌ ရှိသည့် ဆေးဖော်နည်းကားများက တန်ဖိုးဖြတ်မရသည့်
ရတနာ သိုက်နှယ်ပင်။သို့တိုင်အောင် သူက အနည်းငယ်တော့စိုးရိမ်သည်။အရိုးမူလ ပြန်ဆေးသည်
ပင် ထိုမျှ အုတ်အော်သောင်းတင်း ဖြစ်လျှင် ယင်းဆေးမှာ သူဖော်သည်ကို အခြားသူများသိပါက
သူ့အတွက် အန္တာရာယ်ရှိလာနိုင်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now