အပိုင်း (၂၁)

265 20 0
                                    

Unicode

သမားရိုးကျမနက်ခင်းတစ်ခုကြောင့်မက်သရူး စာသင်ဖို့အတွက်နန်းဆောင်ကနေထွက်လာခဲ့လိုက်သည်။
အိမ်ရှေ့စံကတော့မင်းကြီးဆီအကိုဟန်ဘင်းနဲ့အတူသွားတွေ့ပြီးမှလာမယ်ဆိုလို့မက်သရူးမစောင့်တော့ပဲတစ်ယောက်တည်းသာထွက်လာခဲ့လိုက်သည်။
​လက်ရှိကိုသာအကောင်းဆုံးနေမယ်လို့တွေးလိုက်တိုင်း ကိုယ့်ကိုကိုယ်တာဝန်မဲ့ပြီးရှောင်ပြေးချင်နေသူတစ်ယောက်လို ခံစားမိလာသည်။ ရစ်ခီပြောတဲ့စကားတွေကအခုထိ ဦးနှောက်ထဲ တဝှဲလည်လည်နဲ့နေရာယူထားစဲပင်။ ရစ်ခီကိုပြောစရာတွေအများကြီးရှိပေမယ့် တကယ်တမ်းကျ ဘာပြောရမှန်းကိုယ်တိုင်သေချာဝေခွဲမရပေ။ အရင်ကအကြောင်းတွေကိုပြန်မေးရမည်လား။ ဒီတိုင်းပဲဘာမှမသိသလိုအခုလက်ရှိဘဝအခြေအနေတိုင်းနေကြဖို့ပြောရမည်လား။တကယ်တမ်းအဲ့လိုပြောလိုက်ရင်ရစ်ခီအပေါ်ကိုရက်စက်လွန်းရာကျသွားမည်ပင်။ အကိုဂျီအွန်းကိုသာအကုန်ပြောပြလိုက်ရင် မဖြစ်နိုင်တဲ့အမှန်တရားကိုလက်ခံပေးနိုင်ပါ့မလား။ ရူးနေတယ်လို့များပြောမလား။
အတွေးမျိုးစုံနှင့်မသေချာတဲ့အဖြေတွေနဲ့မေးခွန်းပေါင်းများစွာကြောင့်မက်သရူး စိတ်ပိုရှုပ်လာရတာပဲအဖက်တင်သည်။
ရစ်ခီအပေါ်ကိုခံစားချက်မရှိဘူးဆိုဦးတော့ကျွန်တော့်တစ်ယောက်တည်းကိုပဲကြည့်ပြီး ဒီနေရာထိရောက်လာခဲ့တာကိုတော့မျက်ကွယ်မပြုနိုင်ပေ။

"မက်သရူး မထိုင်ပဲမတ်တပ်ရပ်ပြီးဘာတွေစဥ်းစားနေတာလဲ"

"ဆရာ ရောက်ပြီလား"

"ကျွန်တော်ဒီတိုင်းအတွေးများနေလို့ပါ"

"အင်း ဆရာ့အကြံဥာဏ်လိုသေးလား"

"အခုတော့ဘယ်လိုစပြီးပြောရမှန်းကိုမသိသေးလို့ပါ"

"အင်းပါ"

"အိမ်ရှေ့စံက ခဏနေမှလာမယ်လို့ အမှာပါးလိုက်ပါတယ်ဆရာ"

"အင်း ထိုင်ရအောင်လေ"

"ဟုတ်ကဲ့"

"ဆရာ"

"တစ်ခုလောက်မေးလို့ရမလား"

"မေးလေ"

"အတိတ်နဲ့ပစ္စုပ္ပန်မှာဘာကပိုအရေးပါလဲ"

You've reached the end of published parts.

⏰ Last updated: Jun 19, 2023 ⏰

Add this story to your Library to get notified about new parts!

Soul of Heart Where stories live. Discover now