အပိုင်း (၁၇)

177 21 0
                                    

Unicode

ထမင်းစားပြီးတော့မက်သရူးစိတ်ပြေလက်ပျောက်ဖြစ်အောင်လမ်းလျှောက်ထွက်လာလိုက်သည်။

"ဒီဘက်ကိုမရောက်ဖူးပါဘူး ဒါဘယ်နေရာလဲ"

"ဒီနေရာက ကိုယ်ရဲ့ ကိုယ်ပိုင်နေရာလေ ကိုယ်နဲ့အရင်းနှီးဆုံးသူက လွဲရင်ဘယ်သူမှမရောက်ဖူးဘူး"

"သြော်"

"ဒါဘာပင်လဲ"

"အဲ့တာက မြောင်နိုင်ငံက ခမည်းတော်ကိုလက်ဆောင်ဆသထားတဲ့ မက်မွန်ပန်းပင် ကိုယ်လိုချင်တယ်လို့ ပြောလိုက်လို့ ဒီဥယျာဥ်သေးသေးလေးနဲ့ မက်မွန်ပန်းပင်ကို ကိုယ်အသက်၂၀ပြည့်တုန်းက လက်ဆောင်အဖြစ်ပေးထားတာ"

"လှတယ် အေးအေးချမ်းချမ်းလေးနဲ့"

"အင်း အခုကမက်မွန်ပန်းပွင့်တဲ့ရာသီမဟုတ်လို့ မက်မွန်ပန်းပွင့်တဲ့အချိန်ဆိုရင်ပိုလှတယ်"

"အဲ့အချိန်ကျလည်း ခေါ်လာပေး"

"နေ့တိုင်းလာချင်လည်းရတယ်"

"ဒီနေရာကိုရောက်ဖူးတာ ခမည်းတော်နဲ့ မက်သရူးပဲရှိသေးတယ်"

ဂျီအွန်း မက်သရူးလက်ကိုဆုပ်ကိုင်လိုက်သည်။

"မက်သရူး မင်းကကိုယ့်အတွက်အရေးပါဆုံးသူဆိုတာထက်အများကြီးအဓိပ္ပါယ်ရှိတယ်"

"ကိုယ့်ခန္ဓာကိုယ်ရဲ့အသက်ဝိဥာဥ်လိုပဲ ဒီလူအတွက်ပဲတွေးပြီး ဒီလူတစ်ယောက်အတွက်ပဲရှင်သန်သွားချင်တဲ့ ခံစားချက်မျိုး"

"ကိုယ့်ဘက်က ဒေါသအလျှောက်ပြောမိတာရှိခဲ့ရင် အမြဲတမ်းနားလည်ပေးဖို့မတောင်းဆိုပါဘူး"

"တစ်ခါတစ်လေတော့ကိုယ့်ကိုခွင့်လွှတ်ပေးပါ"

"မင်းဖြစ်စေချင်တဲ့အတိုင်း စိတ်အေးအေးနဲ့ပြဿနာကို ဖြေရှင်းတတ်တဲ့သူဖြစ်အောင်လည်းကိုယ်ပြုပြင်ပါ့မယ်"

"အဓိက က မက်သရူးကိုယ့်ဘေးနားမှာရှိနေပေးရင်ပဲရပါပြီ ကျန်တာတွေအားလုံး မက်သရူးဖြစ်ချင်တဲ့အတိုင်းကိုယ်ပြုပြင်ပါ့မယ်"

အထိန်းတော်ကြီးလည်း အိမ်ရှေ့စံမင်းသားရဲ့တစ်စုံတစ်ယောက်အပေါ်ကိုမြတ်မြတ်နိုးနိုးချစ်တတ်နေသွားတဲ့ပုံစံကြည့်ပြီးကြည်နူးမိပါသည်။ ငယ်ငယ်လေးကတိုင်ပြုစုစောင့်ရှောက်လာရသည့်သူမလို့ မင်းသားမျက်နှာနဲ့အပြုအမှုကိုကြည့်ရုံနဲ့ စိတ်ကိုခန့်မှန်းတတ်နေပါပြီ။
မင်းသား ဒီကောင်လေးအပေါ်ကိုဘယ်လောက်ထိ တန်ဖိုးထားကြောင်းမင်းသားကထုတ်မပြောတတ်ပေမယ့်ဘေးကကြည့်တဲ့သူတွေတောင်သေချာသိပါသည်။
သခင်လေးလည်းအချိန်ကြာလာတာနဲ့အမျှခံစားမိလာမှာပါ။

Soul of Heart Where stories live. Discover now