အပိုင်း (၁)

498 44 1
                                    

အပိုင်း (၁)

Unicode

ခန္ဓာကိုယ်မှာသွေးတွေရွဲနေပေမယ့် ဘာဒဏ်ရာမှမရှိ ရင်ဘတ်အနီးနားက ဝတ်ရုံမှာတော့ ဓားထိုးခံရသလို အပြဲတွေ့ရသည်။
ဒီအခြေအနေကိုနားလည်အောင် Matthew ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးနေရသည်။
ဘာတွေလဲ

"ဆော့မျိုးရိုးလေး ရှိရဲ့လား"

Matthew တံခါးဖွင့်ပေးလိုက်သည်။

"ဟုတ်ကဲ့ အဘဘာကိစ္စရှိလို့လဲ"

"အင်္ကျီမှာလည်းသွေးတွေနဲ့ ဘာဖြစ်တာလဲ"

Matthew ဘာဖြေရမှန်းမသိတော်ရယ်ကျဲကျဲသာလုပ်ပြလိုက်သည်။

"ညက လူလေး အိမ်ဘက်ကအသံတွေကြားလို့ အဘလာမေးတာဘာဖြစ်တာလဲလို့"

"ကျွန်တော်အဘကိုမေးစရာရှိတယ် ကြောင်မသွားနဲ့နော် တည်တည်ငြိမ်ငြိမ်နဲ့ဖြေပေးပါ"

"မေးပါ"

"ကျွန်တော့်နာမည်နဲ့ကျွန်တော့်မိဘအကြောင်းပြောပြပါ"

"ဟေ"

ဒီကောင်လေးစာကြည့်တာများပြီးတစ်ခုခုဖြစ်သွားတာလား

"ပြောပြပေးပါအဘ"

"လူလေးနာမည်က Seok Matthew လူလေး ဒီအိမ်ကိုရောက်ကတည်းကတစ်ယောက်တည်းပဲ စကားကိုတစ်ခွန်းကနှစ်ခွန်းအပိုမပြောတတ်သူမလို့ လူလေးမိဘတွေနာမည် ဘယ်ကဘယ်သူတွေဆိုတာအဘ မသိဘူးကွယ်"

ဟင် နာမည်ကျအတူတူပဲ ငါ့ရုပ်ဟုတ်တယ်ငါ့မျက်နှာကြည့်ရအောင်တစ်ခုခု ဟိုမှာရေကန်ပဲ
ဟင် ရုပ်လည်းအတူတူပဲ အဲ့တာဆို ငါကဟိုဘက်ဘဝမှာ သေသွားပြီး ဒီဘက်ဘဝကအသက်ခံလိုက်ရတဲ့ခန္ဓာကိုယ်ထဲရောက်နေတာပေါ့
သွားပြီ သွားပြီ ငါ့ဘဝတော့သွားပြီ

"အဘ အဲ့တာဆိုကျန်တဲ့ကျွန်တော့်အကြောင်းကောအကုန် ပြောပြပါ ကျွန်တော်ညက လုပ်ကြံခံရတာခေါင်းထိသွားလားမသိဘူး ဘာမှမသိတော့လို့ပါ"

"လူလေးဘာဖြစ်သွားသေးလဲ အဘကိုပြပါအုံး"

"ရပါတယ်အဘ ရတယ်"

"အင်း ပြောရရင် လူလေးက စာအရမ်းကြိုးစားပြီး တစ်တိုင်းပြည်လုံးအောင်ချင်နေတဲ့ နန်းတွင်းက စာသင်သားခေါ် စာမေးပွဲကိုဖြေဆိုအောင်မြင်ထားတာ ရက်ပိုင်းပဲရှိသေးတဲ့လူငယ်လေးပဲ"

Soul of Heart Where stories live. Discover now