အပိုင်း (၆)
Unicode
"သက်သောင့်သက်သာထိုင်ပါ"
"ကျေးဇူးကြီးမားလှပါတယ် မင်းကြီး"
"နာမည်က ဆော့မက်သရူးမလား"
"ဟုတ်ပါတယ် မင်းကြီး"
"အင်း ဂျီအွန်းက ပြောရဆိုရခက်တယ်မလား"
"အိမ်ရှေ့စံမင်းသားက စိတ်ထားပြည့်ဝပါတယ် တစ်ခါတစ်လေ ပဲ ပြောရခက်တာပါ"
မင်းကြီး အားရပါးရရယ်မိသည်။ တစ်ခါတစ်လေတဲ့လား အမတ်တွေတောင်သူ့ရှေ့မှာ သားအကြောင်းမကောင်းမပြော ရဲတာကို ဒီကလေးကပွင့်ပွင့်လင်းလင်းပြောရဲသည်။
"အခု ဂျီအွန်းနားမှာမင်းကိုထားတယ်ဆိုတာ အဓိပ္ပါယ်အများကြီးရှိတာကို သိလား"
"ကျွန်တော် မသိပါဘူး"
"တစ်ချိန်ချိန်မှာ ဂျီအွန်းယုံကြည်ရတဲ့ သူဖြစ်ပေးနိုင်မလား"
"အဲ့ဒီအတွက်တော့ မင်းကြီးစိတ်မပူပါနဲ့ကျွန်တော် ကတိပေးပါတယ်"
"ကောင်းတယ် ဂျီအွန်း မင်းလည်းတဖြေးဖြေးချင်း ခမည်းတော်ကို ကူညီဖို့စဥ်းစားအုံး"
"ညီလာခံကိုတောင်မတတ်ချင်တဲ့အိမ်ရှေ့စံဆိုပြီးနောက်ကွယ်မှာပြောနေတာ မင်းပြန်မကြားဘူးလား"
"လိုမှမလိုတာ ခမည်းတော်ရဲ့ဆုံးဖြတ်ချက်ကိုတောင် သူတို့လိုရာရအောင်ပြောင်းနေကြတာပဲ ကျွန်တော့်လိုလူက ဘာလုပ်လို့ရမှာမလို့လဲ"
"မင်းနားလည်ဖို့အများကြီးလိုသေးတာပဲ ဘာကိုမှဒေါသနဲ့ မကြည့်နဲ့"
"သူတို့စိတ်တိုင်းကျထားပေးလို့ရတဲ့အရာတွေမလို့ခမည်းတော်က လက်ခံတာပေါ့ မဟုတ်ရင် ဘာအတွက်ကြောင့် လက်ခံမှာလဲ ဒီအဖေက ဒီနိုင်ငံရဲ့ဘုရင်ပါ"
"ဂျီအွန်း အတွေးတိမ်သွားပါတယ် ခမည်းတော်"
"လူဆိုတာက ဒေါသနဲ့ပဲဖြေရှင်းတတ်နေသ၍တော့ လူညံ့ပဲ စိတ်ခံစားချက်ကိုဘယ်တော့မှဦးစားမပေးနဲ့ငါ့သား"
"ရေရှည်ကိုကြည့်မှအကျိုးရှိမှာ"
"ဆော့မက်သရူးကောကြားလား"
YOU ARE READING
Soul of Heart
Fanfictionလက်ရှိ ဘဝကနေ လွဲမှားမှုတစ်ခုကြောင့် ဂျိုဆွန်းခေတ်က ခန္ဓာကိုယ်ထဲကိုဝိဥာဥ်ပြောင်းသွားတဲ့ ကောင်လေးတစ်ယောက် နဲ့ အမြဲတမ်းတစ်ယောက်တည်းနေနေရတဲ့ အိမ်ရှေ့စံကောင်လေး ရဲ့ တွေ့ဆုံမှုအကြောင်းလေးပါ အရင်လို ခပ်အေးအေး စာသင်သားလေး Seok Matthew ကနေ သွက်လက်ပြီးအကင်းပါ...