အပိုင်း (၇)

188 34 5
                                    

အပိုင်း (၇)

Unicode

​နောက်ရက်တွေလည်း စာသင်လိုက် အိပ်လိုက်နှင့်ပင်ကုန်ဆုံး ခဲ့သည်မှာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ဖုန်းလည်းမရှိ Laptop လည်းမရှိနှင့် electronic နှင့်ဝေးရာမှာ နေရသည်မှာ ငရဲလိုပေ။ ဒီကြားထဲ ဟိုမသွားနဲ့ဒီမသွားနဲ့ ဖြင့်အကုန်လိုက်ပိတ်ပင်ထားသော မင်းသားကြောင့် ပိုစိတ်ရှုပ်ရသည်။ ပြောရရင် မက်သရူးသေလောက်အောင် ပျင်းနေပြီဖြစ်သည်။
ဒီနေ့တော့နေ့လည်စာစားပြီးတာနဲ့နန်းတော်ထဲပတ်ကြည့်ဖို့တွေးထားသည်။ မလွတ်လည်းရအောင်ထွက်မည် ဒီတိုင်းကြာကြာနေရင် တကယ်သေသွားနိုင်သည်။

"မက်သရူး မက်သရူး"

"မက်သရူး"

"လန့်လိုက်တာ မင်းသားရာ"

"ငါခေါ်နေတာကြာလှပြီဘာတွေတွေးနေလို့မကြားရတာလဲ"

မက်သရူး ရွဲ့ကာပြောလိုက်သည်။

"ယောက်ျားလေးတစ်ယောက်အတွေးကဘာဖြစ်မလဲအကိုရယ် မိန်းကလေးလှလှလေးအကြောင်းပေါ့"

သူ့စကားထိရောက်သည် အိမ်ရှေ့စံကသူ့ကိုမျက်မှုန်ကျုံကာ သေချာကြည့်သည်။

"ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ ဘာလဲ ကျွန်တော့်ကိုလည်း အကို့လို ဂေါ်မစွံ့လုပ်ခိုင်းမလို့လား"

"အဲ့တာဘာပြောပြန်တာတုန်း"

"ရုပ်ချောပေမယ့်ကြိုက်မယ့်လူမရှိတာကိုပြောတာဗျာ"

"ငါ့ကိုများ"

"အကို ဒီနေ့စာဖတ်ဆောင်မသွားဘူးလို့ပြောထားတာနော် မေ့မသွားနဲ့"

"ငါပြောတဲ့စကားငါသိပါတယ်"

"အခုနန်းဆောင်ကိိုပြန်မယ်နေ့လည်စာစားပြီးမင်းနားချင်နားလေ"

"ဟုတ်ကဲ့"

မက်သရူးကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိသည်။
ဂျီအွန်းဒါကိုသေချာကြည့်နေသည်ကိုတော့ မက်သရူး မမြင်လိုက်ပေ။
ဒီနေ့တော့ ကိုယ့်အခန်းထဲတွင်ပဲ နေ့လည်စာစားဖြစ်ကြသည်။
မက်သရူးနေ့လည်စာစားပြီးတော့ ခွင့်ပြုချက်တောင်းရန် မင်းသားဆီသွားလိုက်သည်။

Soul of Heart Where stories live. Discover now