အပိုင်း(၆၈)-နောက်ဆုံးတော့ ယန်ရှယ်​၏တစ်ခုတည်းသော အားနည်းချက်ကို ထိုးမိသွားလေပြီ

Magsimula sa umpisa
                                    

ယန်ရှယ်က ရုတ်တရက် ခြေလှမ်းတန့်သွားပြီး

"ပုဝေးမိဘတွေက ဘယ်လိုသေသွားတာလဲ?"

မာရှန်လည်း ချက်ချင်းပင်

"ကျွန်တော်တို့ အခုပဲသွားစုံစမ်းလိုက်ပါ့မယ်!"

"ပုဝေးနဲ့ လီယွီရှင်းရဲ့ မိဘ၊ ညီအစ်မ၊ အမျိုးသမီးဆွေမျိုး၊ ရင်းနှီးတဲ့မိန်းကလေးသူငယ်ချင်းတွေ၊ အတန်းဖော်တွေနဲ့ အိမ်နီးချင်းတွေအထိပါ.......တစ်ယောက်မှမကျန်စေနဲ့။ အခုချက်ချင်း သွားစုံစမ်းချေ။ မှဲ့နီဆိုတာမျိုးက ပါတဲ့လူ ပေါပေါပဲပဲရှိတာမဟုတ်ဘူး။ ဒီကလေးမနှစ်ယောက်မှာ ငါတို့မသိသေးတဲ့ ဆက်စပ်နေတာတစ်ခုခု ရှိကိုရှိရမယ်။"

ထို့နောက် ယန်ရှယ်က ရှေ့ကိုဆက်လျှောက်သွားလေသည်။ သူ​၏ အေးစက်ခက်ထန်နေသော မျက်နှာ နောက်ကွယ်၌ ဦးနှောက်နှစ်ခြမ်းကွဲလုမတတ် ခံစားနေရသော စိတ်အခြေအနေအား မည်သူတစ်ဦးတစ်ယောက်မျှ ဖောက်ထွင်းမမြင်နိုင်ခဲ့ပါချေ။ ဦးနှောက်တစ်ခြမ်းက မာရှန်အား ညွှန်ကြားချက်အလုံးစုံကို အမိန့်ပေးနေပြီး ကျန်တစ်ခြမ်းကမူ ကျန်းထင်​၏ လျော့ရိလျော့ရဲ bathrobeအောက်က နွေးထွေးသေးသွယ်သော ပုခုံးလေးထက်ကပုံရိပ်ကို အကြိမ်ကြိမ်မြင်ယောင်နေပေသည်။

ဝေခွဲမရသော သံသယများ၊ မေးခွန်းများ၊ အကြောက်တရားနှင့်အတူ ယုတ္တိမဆန်သော ခံစားချက်မျိုးစုံတို့ဟာ အနှီဦးနှောက်တစ်ခြမ်းတွင်း ပြေးလွှားနေကြ​၏။

ထိုအချိန်က ထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်းမဟုတ်ခဲ့ပါ။ ပုဝေးမော့ကြည့်လိုက်စဉ်က မြင်တွေ့လိုက်ရသော အခိုက်အတန့်မှာ ထင်ယောင်ထင်မှားမဟုတ်ခဲ့ပါ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိဆင်တူရွေးချယ်ခဲ့ခြင်း​၏ ရလဒ်တစ်ခုပင်။

ထို့မျှမက ဖူးKရင်ထဲက ကွပ်မျက်သူအစစ်ဟာ ဟိုးအစကတည်းက ကျန်းထင်ဖြစ်နေခဲ့ခြင်း!

"ဟန်ရှောင်မိန်က အခုထိဆေးရုံမှာ ပုဝေးနားနေပေးနေတုန်းလား?"

ရုတ်ခြည်း ယန်ရှယ်က မေးလိုက်​၏။

မာရှန်လည်း ယန်ရှယ်ပေးသော စုံစမ်းစစ်ဆေးရေးအမိန့်များကို တစ်လုံးမကျန် သေချာအမြန်လိုက်မှတ်နေရင်း ခေါင်းမထောင်ဘဲ ပြန်ဖြေလိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon