အပိုင်း(၄၇)-ရဲမေအလှလေးအတွက် ပေါက်စီရော?

2.1K 391 67
                                    

ကျန်းထင် ယန်ရှယ်ကို စေ့စေ့ကြည့်ပြီး မေးလိုက်သည်။
"ရဲမေအလှလေးအတွက် ပေါက်စီရော?"
----------------------------------------------------------------

"ခင်ဗျားရဲတိုင်ပြီးပြီမလား?"

ရှိန်းအဖေကြီးမှာ တစ်ခဏမျှ ကြက်သေသေသွားပြီး အကူအညီတောင်းသော မျက်ဝန်းတို့နှင့်မော့ကြည့်လာရာ ယန်ရှယ်က ညင်သာစွာခေါင်းညိတ်ပြလိုက်​၏။

"ဒါပေါ့၊ သေချာပေါက် တိုင်လိုက်တာပေါ့! မတိုင်လို့ဘယ်ရမလဲ? ငါတို့လိုသာမန်လူတန်းစားက ဘယ်အပေါက်ကနေ မင်းတောင်းတဲ့ ကုဋေနှစ်ဆယ်ကိုရှာပြီး ပေးရမှာတဲ့လဲ?!"

ဖုန်းတစ်ဖက်မှ ပုံဖျက်ထားသော ကျောချမ်းဖွယ်အသံကြီး ထွက်ပေါ်လာပြန်သည်။

"အရမ်းကောင်းတယ်။"

ရှိန်းအဖေကြီးခမျာ ဘေးကျပ်နံကျပ်ဖြစ်သွားရပြန်သည်။ အစည်းအဝေးခန်းငယ်လေးတွင် လူကိုမွန်းကျပ်စေသည်အထိ တိတ်ဆိတ်မှုကြီး လွှမ်းမိုးလာသည်။

ယန်ရှယ်သည် ဖုန်းထုတ်ကာ စကားလုံးအနည်းငယ်ကို အမြန်ရိုက်၍ ဖုန်းကိုလက်ပြန်ကိုင်ပြီးပြလိုက်​၏။ ရှိန်းအဖေကြီးလည်း မျက်လုံးကိုမှေးလျက် ဂရုတစိုက်ကြည့်ပြီး ယန်ရှယ်​၏စကားလုံးများအတိုင်း ကြက်တူရွေးနှုတ်တိုက်ရွတ်တော့သည်။

"ငါတို့၊ ငါတို့သားပြန်လာဖို့ကအဓိကပဲ မင်းကြိုက်ဈေးခေါ်လိုက်! ငါတို့တတ်နိုင်တဲ့ပမာဏဖြစ်နေသ၍ ရှိသမျှအကုန်ထုခွဲရောင်းချပြီး မင်းတို့ကိုပေးရမယ်ဆိုလည်း ရတယ်!"

"ကုဋေနှစ်ဆယ်"

တစ်ဖက်ကပြောလာသည်။

"တစ်ပြားမှမလျော့စေနဲ့။"

"ငါက ဂျက်မားလည်းမဟုတ်၊ ဝမ်ကျန့်လင်လည်းမဟုတ်ဘူးကွ။ ဖြစ်နိုင်တဲ့ပမာဏပဲတောင်းစမ်းပါကွာ။ နောက်ဆုံး သန်းဂဏန်းဖြစ်နေရင်တောင် အိမ်ရောင်း၊ကားရောင်းပြီး ရွေးမှာပါ။ အလတ်ကြီးရှိနေသေးတဲ့လူကို ကုဋေနှစ်ဆယ်ကြောင့် သွေးတက်ပြီးသေသွားစေချင်လို့လား?!"

ဟွမ်ရှင်းက စင်္ကြံဘက်မှ ခေါင်းပြူထွက်လာပြီး နည်းပညာအရာရှိများ ခြေရာခံနေပြီဖြစ်ကြောင်း လက်ဟန်အမူအရာနှင့် အချက်ပြလာသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz