Zawgyi အခန်း ၂၅

Start from the beginning
                                    

"ကိုကိုတောင်းပန်ပါတယ် လိပ်ပြာ ကိုယ့်မိသားစုနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ပြန်တွေးလိုက်မိတဲ့အချိန်တိုင်း ၀မ်းနည်းနာကျင်မှုတွေက ကိုယ့်ရင်ထဲကိုအမြဲတိုးဝင်လာတတ်လို့ ကိုယ်ထိန်းချုပ်လို့မရဘူးဖြစ်သွားတယ်...ကိုယ့်ရဲ့အတိတ်အကြောင်းတွေကို လိပ်ပြာနားထောင်ချင်ရဲ့လား..."

"ကိုကိုရယ်..ကိုကိုနဲ့ပတ်သတ်ရင်လေ လိပ်ပြာအကုန်လုံးကိုနားလည်ချင်တယ် အကုန်လုံးကိုလည်းသိချင်တယ်...လိပ်ပြာနားထောင်ချင်ပါတယ်...."

လိပ်ပြာရဲ့ စကားလေးတစ်ခွန်းကြောင့် သူ့ရင်ထဲမှာကျေနပ်သွားရပေမဲ့ အတိတ်အကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း ရင်နင့်စရာ၊သည်းခြေပျက်လောက်အောင် ကျေကွဲဝမ်းနည်းစရာတွေက ရင်ထဲကို အစုအလိုက်အပြုံလိုက် ချည်းနှင်းဝင်ရောက်လာတာဟာ ဘုန်းမြတ်အဖို့ အရမ်းခံရခက်စေတယ်။

"အတိတ်ရဲ့အကြောင်းကို ပြန်ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ အချိန်ကနေစပြီးပြောရမှာပဲ...ကိုယ့်မာမီရဲ့နာမည်က ဒေါ်မြတ်ကလျာတဲ့ သိပ်လှပြီး၊သိပ်ထက်မြတ်တဲ့အမျိုးသမီး
တစ်ယောက်ပေါ့...ကိုယ့်ဒယ်ဒီရဲ့နာမည်ကတော့
ဦးဘုန်းဇေယျတဲ့ လူချောတစ်ယောက်ဖြစ်တဲ့အပြင် မျိုးရိုးကလည်း ခောတ်အဆက်ဆက်ကုန်သည်မျိုးရိုးဖြစ်ခဲ့တာကြောင့် ဦး‌နှောက်ထဲမှာ စီးပွားရေးအကြောင်းတွေနဲ့ပဲ ပြည့်နှက်နေတဲ့ ပုဂ္ဂိုလ်ဆိုပါတော့ ..အင်္ဂလိပ်လို ဇွန်လ ကိုးရက်နေ့၊၁၉၉၄ခုနှစ်မှာ ကိုယ့်ကိုမွှေးဖွားခဲ့တယ်...မာမီနဲ့‌ဒယ်ဒီက
သားဦးလေးဖြစ်မယ့်ကိုယ့်ကို လူ့လောကထဲ
မရောက်ခင်ကတိုင်အောင် သိပ်ချစ်တာပဲလို့..
ကိုယ်တို့အိမ်ကအလုပ်သမားဖြစ်တဲ့ ဒေါ်မယဉ်ကပြောပြခဲ့ဖူးတယ်..."

"အဟင်း...ကိုကိုကအခုတောင် ဒီလောက်ချောနေတာ ဘယ်သူကမချစ်ပဲနေမှာလဲ...ကိုကိုငယ်ငယ်က သိပ်အချစ်ခံရမှာပဲနော်..."

လိပ်ပြာရဲ့စကားကြောင့် မျက်နှာလေးညှိုးသွားကာ လိပ်ပြာကိုကြည့်လာတဲ့ ကိုကိုဟာ ၀မ်းနည်းတဲ့မျက်လုံးတွေနဲ့ ပြုံးရယ်ပြရင်း ခေါင်းကိုခါလေသည်။

"ကိုယ့်ရဲ့ မွေးဖွားလာမှုက ကိုယ့်ရဲ့မိဘတွေအတွက် ကံဆိုးမှုတွေဆောင်ကျဉ်းပေးလာတဲ့နေ့ဖြစ်ခဲ့သလို...ကိုယ်ကလည်းရွှေဘုံပေါ်မှာထိုင်ခဲ့ရပေမဲ့ နေ့စဉ်၊နေ့တိုင်းကိုစိတ်ဆင်းရဲစွာပဲ ဖြတ်သန်းခဲ့ရတယ်..."

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now