part 17

2.4K 160 1
                                    

"အစော ဆံပင်ရေသုတ်ပေးရမလား"

စောခေါင်းငြိမ့်လိုက်သည်
"သုတ်ပေးလေ"

စက်ချက်ချင်းဘဲကုတင်ပေါ်ကခုန်ပေါက်ဆင်းလာကာစောခေါင်းကိုရေသုတ်ပေးသည်

မိမိဆံပင်အားရေသုတ်ပေးကာပြုံးရွှင်နေတဲ့စက်ကိုမှန်ကနေတစ်ဆင့်စောမြင်နေရသည်
စက်မိမိအပေါ်ထားတဲ့မေတ္တာတရားကိုလည်းစောခံစားမိပါသည်
တစ်စုံတစ်ယောက်ရဲ့အချစ်ခံရတာတစ်ကယ်ကိုကောင်းတယ်
"မင်းကျုပ်ကိုလိုချင်လားမှိုင်း"

"ဘာကိုပြောတာလဲအစော"
ဘာကိုဆိုလိုချင်တာလဲနားမလည်၍ထပ်မေးလိုက်သည်

"မင်းကျုပ်နဲ့အိပ်ချင်လား"

"ဟင်"
မမျှော်လင့်ထားသောစကားမို့စက်အာမေဋိတ်အသံပါထွက်မိသွားသည်
ဒါကိုအစောကအထင်လွဲသွားပုံပင်
"ထားလိုက်တော့ ကျုပ်မပြောခဲ့ဘူးလိုဘဲမှတ်လိုက်တော့"

မတ်တပ်ထရပ်လိုက်တဲ့စောကိုစက်ရင်ခွင်ထဲချက်ချင်းဆွဲသွင်းလိုက်ပြီး
"ကျွန်တော်လိုချင်တယ်အစောကိုအရမ်းလိုချင်တာ စော...စောနကမမျှော်လင့်ထားတာမို့အံ့သြမိရုံပါ"

စောရင်ခွင်ထဲကထွက်ပြီးခြေဖျားထောက်ကာပါးအားနမ်းလိုက်သည်
ပြီးမှသူလုပ်လိုက်တဲ့အပြုအမူအပေါ်ရှက်သလိုလိုနှင့်မျက်နှာလွှဲသွားတယ်

စက်ကထိုမျက်နှာလေးကိုသူ့အားပြန်ကြည့်စေပြီးနှင်းဆီဖူးလေးပေါ်အနမ်း​ခြွေသည်
"သိပ်ချစ်တယ်အစောရယ်"
ထို့နောက်........🌚

_________________________________________________________
ဆုဆုထွေး မနက်အစောကြီးထကာတစ်အိမ်လုံးအတွက်မုန်းဟင်းခါးထချက်ထားသည်
သူအနေနှင့်တစ်အိမ်လုံးရဲ့စိတ်ကိုသိမ်းပိုက်ဖို့စဥ်းစားထားတာကြောင့်ပင်

"အန်တီ နဲ့အန်ကယ် နိုးလာပြီလားမင်္ဂလာနံနက်ခင်းပါရှင့်"

ထမင်းစားပွဲဆီရောက်လာတဲ့ဒေါ်တင်မမတို့ကိုအပြုံးချိုချိုလေးနဲ့နှုတ်ဆက်လိုက်သည်
ဦးစက်ရောင်ကပြန်နှုတ်ဆက်ပေမဲ့ဒေါ်တင်မမကတော့ခပ်တည်တည်ဘဲလျစ်လျူရှုလိုက်တယ်

"မင်္ဂလာပါသမီး"

"အန်ကယ်တို့အတွက်သမီးမုန့်ဟင်းခါးချက်ထားတယ် သမီးအခုထည့်ပေးမယ်နော်"
ဆုထွေးခပ်သုတ်သုတ်မီးဖိုခန်းထဲဝင်သွားပြီးသိပ်မကြာလိုက်ပါမုန့်ဟင်းခါးနှစ်ပန်းကန်နဲ့ပြန်ရောက်လာသည်

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Where stories live. Discover now