part 2

3.8K 240 0
                                    

စက်ဘုရားက​နေအိမ်ပြန်လာတော့သူကြီးကတော်ရေနွေးကြမ်းသောက်နေသည်
သူကြီးကတော်ဆီမှာအစောအကြောင်းမေးရမည်
အစောဆိုတာစောရေအေးဆိုတဲ့သူလေးအပေါ်သူအဖျားဆွတ်ခေါ်ချင်တဲ့နာမည်လေး​ပေါ့

"အရီး...."

"ပြန်လာပြီလား"

"ဟုတ် ကျွန်တော်အရီးကိုမေးစရာရှိလို့ဗျ"
သူမကစက်ကိုမေးဟူသောသဘောဖြင့်ခေါင်းငြိမ့်ပြသည်

"စော​ရေအေးရဲ့အကြောင်းပါ....သူကဘာလို့ဒီမှာမနေရတာလဲ"

"ကြည့်ရတာအရီးသားရေအေးလေးနဲ့တွေ့ခဲ့တယ်ထင်တယ်"

"ဟုတ်ပါတယ်အရီး....."

အရီးရဲ့မျက်ဝန်းတွေမှာဝမ်းနည်းဟန်
နောင်တရဟန်အပြည့်အဝပေါ်လွင်လာသည်

"သားသိချင်တော့အရီးပြောပြပါ့မယ်အရီးရေအေးလေးကိုကိုယ်ဝန်လွယ်ရတဲ့အချိန်ကစပြီးရွာမှာမိုးခေါင်ရေရှားသီးနှံအထွက်လျှော့ကြတာတွေဖြစ်ကြတယ်
ရေအေးလေးမွေးပြီးတဲ့အချိန်မှာပိုဆိုးလာတယ်ဆိုပါတော့ အဲ့မှာဘဲရွာကလူတွေကသူတို့ယုံကြည်တဲ့ဗေဒင်ဆရာကိုပင့်ဖိတ်ပြီးဗေဒင်တွက်ကြတော့ဆရာကရေအေးလေးကြောင့်ကပ်ဆိုက်တာလို့ပြောတယ် ကပ်ဘေးကလွတ်မြောက်စေချင်ရင်ရေအေးဘဝတစ်လျှောက်လုံးအမျိုးသမီးတစ်ယောက်လိုနေရမယ်လို့ဟောခဲ့တာ"

အော် ဒါကြောင့် အစောဟာအမျိုးသမီးတစ်ယောက်လိုဝတ်စားဆင်ယင်ထားတာကိုလို့
စက်တွေးမိသည်

"ဒါနဲ့ အရီးတို့ကဘာလို့အတူမနေကြတာလဲ"

အရီးကထွက်စပြုနေတဲ့မျက်ရည်လေးတွေကိုသုတ်ပြီး
"ရွာသူရွာသားတွေကပ်စိုက်စေတယ်လို့အပြောခံရတဲ့ရေအေးလေးကိုရွာထဲမထားချင်ကြဘူးလေ..."

"မယ်ထုံ!"
ထိုစဥ်သူကြီးနဲ့သူ့သမီးဆုဆုထွေးကအိမ်ပေါ်တက်လာကြသည်
သူကြီးကအစောအကြောင်းပြောပြတာကိုသဘောမကျဟန်ဖြင့်အရီးမယ်ထုံကိုဆူငေါက်တယ်

"မင်းကိုအဲ့ဂြိုလ်ကောင်အကြောင်းမပြောဖို့ငါသတိပေးထားတယ်လေ"

"ဟုတ်ပအမေရယ် အဘကအဲ့ကံဆိုးကောင်အကြောင်းပြောတာမကြိုက်ဘူးဆိုတာသိရဲ့သားနဲ့"

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Hikayelerin yaşadığı yer. Şimdi keşfedin