zg 1

1.9K 28 0
                                    

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး (bl fiction) not normal
အပိုင်း၁

Uke _ စောရေအေး
Seme _ စက်ခွန်မှိုင်း

+++++++++++++++++++++++++++
မှန်တင်ခုံရှေ့တွင်လှပတင့်တယ်စွာသနပ်ခါးသွေးနေသောအမျိုးသားလေးတစ်ဦး
သူနာမည်ကစောရေအေး
နာမည်လေးနဲ့လိုက်အောင်မြင်သူတိုင်းရင်အေးစေတဲ့အလှလေးပေါ့

"စောရေ...စော"

"ဝင်ခဲ့လေ နွယ်ရေ ကျုပ်အခန်းထဲမှာရှိတယ်"

သူငယ်ချင်းရဲ့ခွင့်ပြုချက်ကြောင့်နွယ်ကအခန်းထဲဝင်လာသည်
သူငယ်ချင်းဖြစ်သူသနပ်ခါးလိမ်းနေတာမြင်တော့နွယ်ကပြုံးသည်
သူမသူငယ်ချင်းကထူးခြားလွန်းတဲ့အလှလေး
အသားအရေဆိုတာကလည်းသူမတို့လိုမဟုတ်
ဝါဝါဝင်းတာမှရွှေအဆင်းအလားပင်
ရွာကကွမ်းတောင်ကိုင်ပန်းတောင်ကိုင်ဘွဲ့ရထားတဲ့အမျိုးသမီးတွေတောင်စော​ခြေဖျားမမှီဘူး
သို့သော်အတိတ်ဘဝကဘာကံကြွေးရှိခဲ့သည်လဲမသိပါ
သူမသူငယ်ချင်းကရွာကိုကပ်စိုက်စေတဲ့သူအဖြစ်သတ်မှတ်ခံခဲ့ရသည်
ထိုကပ်စိုက်စေတဲ့ဘေးလွတ်ကင်းစေဖို့ယတြာချေတဲ့အနေနဲ့လည်း
သူ့သက်တမ်းနှစ်ဆယ့်ငါးနှစ်လုံးအမျိုးသမီးတစ်ဦးလိုနေခဲ့ရသည်

"နွယ်ဘာလို့ကျုပ်ကိုဒီလောက်ထိငေးနေတာလဲ မမြင်ဖူးတာမဟုတ်ဘဲနဲ့"

စောပြောမှလာရင်းကိစ္စကိုနွယ်သတိရသည်
"ငါတို့သူကြီးဆီကိုလူသစ်ရောက်နေလို့တော့်"

"ဒါဘာများဆန်းလို့လဲနွယ် အဖေ့ဆီခနခနဧည့်သည်ရောက်နေကြလေ"

"ဒီတစ်ခါရောက်တဲ့ဧည့်သည်ကနင့်ညီမနဲ့ကမ်းလှမ်းမလို့တဲ့လေရောက်နေတာနှစ်ရက်ရှိပြီ"

နွယ်ရဲ့စကားကြားတော့စောမျက်နှာလေးညိုးသွားသည်
စောသည်သူကြီးသားတစ်ယောက်ဖြစ်ပါလျက်ကံဆိုးကောင်ဟုသတ်မှတ်ခံရကာဘာအခွင့်အရေးမှမရရှိခဲ့ဘူး
အဖေတို့ကရွာစွန်မှာသူ့ကိုတစ်ယောက်ထဲနေခိုင်းပြီးလျစ်လျူရှုထားခဲ့သည်
အခုလည်းညီမဖြစ်သူအတွက် မင်္ဂလာသတင်းတောင်သူများပြောမှသိရတဲ့အဖြစ်

စောမျက်နှာလေးညိုးသွားတော့နွယ်ကပြာပြသလဲချော့ဖို့ကြိုးစားသည်
"သူတို့နင့်ကိုလျစ်လျူရှုလည်းငါတစ်ယောက်လုံးရှိတယ်လေနော်စောဝမ်းမနည်းပါနဲ့ ငါနင့်ကိုအရမ်းဂရုစိုက်တာနင်သိပါတယ်"

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Where stories live. Discover now