Part - 27 ( Unicode)

Start from the beginning
                                    

" ဟီးးး ဟီးးး ဟားးး ဟားးးး သေစမ်း အဲလိုသေကျစမ်း
ဟားဟား ဟားဟား ဟားဟား ငါလည်းအဲလိုသေတော့မှာ
ဟားးးး ငါကိုလည်း အဲလိုသတ်ကျတော့မှာ ပျော်စရာ
ကြီး ဟီးးး တကယ်ပျော်စရာကြီး ဒါ ဒါပေမဲ့
ငါ ငါကြောက်တယ်လေ ငါ ပုန်းနေမှရတော့မယ်
ငါ့ကိုပုန်းရမယ့်နေရာပြောပြပေးကျပါဦး ပြောပြပေးနော်
ဟီးးးး ငါသေရတော့မယ် ငါသေသွားပါပြီကွယ်"

နောက်ဆုံးမှာတော့ လူကောင်းတစ်ယောက်ရဲ့အသိစိတ်
တို့ထွက်ခွာသွားရပြီဖြစ်သည့် ထက်မြတ်ဦးရဲ့လည်တိုင်ဆီကို
ဆေးထိုးအပ်တစ်ချောင်းထိုးစိုက်လိုက်တော့၏ ။
ဆေးထိုးအပ်ထဲကဆေးရည်တို့သည့် လည်ပင်းသွေးကြောမှ
တစ်ဆင့် ခန္ဓာယ်ကိုယ်ထဲစီးဝင်သွားရတော့သည်။

" ဒါက ငါ့အမျိုးသားနဲ့ငါ့ကလေးအတွက် မင်းပြန်ပေး
ရတဲ့လျော်ကြေးပဲ ၊ သက်ထက်ပန်နဲ့သူ့ဗိုက်ထဲက
ကလေးကိုထိခိုက်အောင်လုပ်တဲ့သူမှန်သမျှ ထိုက်တန်တဲ့
လျော်ကြေးကို ကျိန်းသေပေးရမယ် "

ခုံပေါ်မှာခေါင်းငိုက်စိုက်ကျနေပြီဖြစ်သည့် ထက်မြတ်ဦး
ကိုကြည့်ပြီးပြောလိုက်သည့်စကား ။ ကိုယ့်တပည့်တွေက
တော့ ဒီပတ်ဝန်းကျင်မှာဖြစ်ခဲ့သမျှကိုအစအနပင်
မပေါ်အောင်လက်စဖျောက်ဖို့အတွက်စတင်လုပ်ဆောင်
နေကျလေသည်။

" ထက်မြတ်ဦးကို ဘယ်လိုလုပ်ရမလဲဆရာ "

" သူ့အဖေဆီ ပြန်ပို့လိုက် ၊ ငါက ဒီတစ်ကြိမ်တော့
ခွင့်လွှတ်ပေးလိုက်တယ်ဆိုပြီး သဘောထားကြီးပြရမယ်
မဟုတ်လား "

ကိုယ့်စကားကိုနားမလည်နိုင်ဖြစ်သွားသည့် လင်းမြတ်က

" ဟို ဆရာပြောတာ ကျွန်တော်နားမလည်ဘူး
တကယ်ပဲ သူ့ကိုခွင့်လွှတ်လိုက်တာများလား "

လင်းမြတ်မေးလာသည့်စကားကြောင့် ပြုံးလိုက်မိတော့သည်။

" မင်းက ဒီလိုကျတော့လည်း ဒုံးဝေးနေပြန်ရောလင်မြတ်
ရယ် ၊ ငါ့လူတွေကိုလာထိရဲတဲ့ဒီလိုကောင်ကို ငါက
ခွင့်လွှတ်ပေးစရာလား ၊ သူ့ကိုလူကောင်းပကတိအနေ
အထားနဲ့ငါကပြန်လွှတ်ပါ့မလား ၊ မသေမချင်းစိတ်ရောဂါ
သည်ဘဝနဲ့နေရတော့မယ့် သားဖြစ်တဲ့သူကို
သူ့အဖေကပြုစုပေးရမယ့်ဘဝမျိုးတွေကို ဖန်တီးပေးလိုက်
တာပေါ့ ၊ တစ်ဖက်ကကြည့်ရင် သူ့သားကိုယ်ပေါ်
မှဲ့တစ်ပေါက်တောင်မစွန်းစေရဘဲ ပြန်ပို့ပေးလိုက်တဲ့ငါကို
ဘယ်လောက်တောင်ကျေးဇူးတင်နေလိုက်မလဲ ၊
သူ့ကိုပြန်ပို့တဲ့အချိန် သူ့အဖေကိုသတင်းစကားလေးတော့
မင်းကပြောပေးခဲ့ ၊ သူနဲ့တစ်ဖွဲ့ထဲကောင်က သူ့အရှေ့မှာ
တင် အခြားသူတွေနဲ့ ပြဿနာဖြစ်ပြီးသေသွားရတာကို
မြင်လိုက်ရလို့ စိတ်နည်းနည်းလေးလွတ်သွားတယ်ပေါ့
အဲလိုမျိုးအသိပေးခဲ့လိုက် "

My Husband Hates Me ( Completed )Where stories live. Discover now