လုံချန့်ကိုအားပေးတဲ့အကြည့်နဲ့တစ်ချက်လှမ်းကြည့်ပြီးသူ့အမေအခန်းထဲကနေထွက်သွားပါတယ်။
ဒီလောက်ချောမောလှပလွန်းသူလေးတစ်ယောက်နဲ့ဒါဟာပထမဆုံးအကြိမ်ဆုံဖူးတာဖြစ်လို့လုံချန်
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။အချိန်အတော်ကြာတိတ်ဆိတ်နေပြီးတော့မှမရှိမဲ့ရှိမဲ့အားနဲ့ညှစ်
ပြီးလုံချန်စကားတစ်ခွန်းပြောလိုက်ရတယ်။

"ထိုင်ပါဦး"

မန်ချီခေါင်းခါတယ်။သူမ သူ့ကိုကြည့်တဲ့အကြည့်တွေကစိတ်ရှုပ်နေပုံထင်ရတယ်။

"ကျွန်မ ရှင့်ကိုပြောစရာလေးတွေရှိတယ် ဒီနေရာမှာတော့မပြောချင်ဘူး...."

လုံချန်မျက်မှောင်ကုတ်သွားပေမယ့်ခေါင်းငြိမ့်လိုက်ပါတယ်။ထိုသို့ဖြင့်နှစ်ယောက်သားလုံအိမ်တော်က
နေထွက်လာပြီးလူအတော်ရှင်းတဲ့နေရာတစ်နေရာကိုသွားလိုက်ကြတယ်။ထိုနေရာကိုရောက်တာနဲ့
၀တ်ရုံထဲကနေစာရွက်တစ်ရွက်ကိုမန်ချီဆွဲထုတ်လိုက်တယ်။ထိုစာရွက်ကိုမြင်တော့ ထိုစာရွက်ဟာ
ဘိစ်တွေကိုစေခိုင်းနိုင်သူတွေသာသုံးနိုင်တဲ့ ဆင့်ခေါ်ခြင်းဆိုင်ရာ စာချုပ်တစ်ခုဖြစ်တယ်ဆိုတာကို
လုံချန်သိတာကြောင့်လန့်အော်မိမတတ်ပင်ဖြစ်သွားရပါတယ်။

(ဘိစ်...ဆိုတဲ့သားရဲကောင်ကြီးတွေကိုခိုင်းချင်ရင် ထိုသားရဲကောင်ကြီးတွေနဲ့စာချုပ်ချုပ်ရပါတယ်။
သီဟမင်းဇင်ပြန်နေတဲ့ long live summon ၀ထ္ထုတွင်အသေးစိတ်ပါပါလိမ့်မယ်။ :P)

လေဟာနယ်လှိုင်းတွေထပြီးအက်ကွဲကြောင်းတွေဖြစ်လာတာကြောင့်လုံချန်အတွေးစတွေပြတ်သွား
တယ်။ဆယ်မီတာလောက်ရှိမယ့်၊ခြင်င်္သေခေါင်း သိမ်းငှက်ကိုယ်လုံး နဲ့ မွန်စတားကြီးတစ်ကောင်ခံ့
ညားထည်ဝါစွာဖြင့်သူတို့နှစ်ယောက်ရှေ့မှာပေါ်လာတယ်။

လုံချန်အနေနဲ့ယခင်ကသိုင်းပညာလေ့ကျင့်လို့မရပေမယ့်လည်း ဘိစ်တွေအကြောင်းသင်ကြားထားတာ
မို့ကောင်းကောင်းသိနေတာပါ။ထိုဘိစ်ခေါ်မှော်သားရဲကိုသိမ်းခြေင်္သ့လို့ခေါ်ပြီးအတော်ကြောက်ဖို့
ကောင်းတဲ့အဆင့်နှစ်မှော်သတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ထိုမှော်သားရဲကြီးဟာလုံး၀အရွယ်ရောက်
တဲ့အဆင့်ကိုမရောက်သေးပေမယ့်လည်း ချီနှင့်သွေးပေါင်းစပ်သည့်အဆင့်သို့ရောက်နေတဲ့သိုင်းသမား
တစ်ယောက်ပင်၄င်းနဲ့ယှဉ်ပြိုင်တိုက်ခိုက်ရန်မဖြစ်နိုင်ပါဘူး။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now