အပိုင်း(၃.၂) Unicode

Start from the beginning
                                    

ရန်ရွှီနဲ့ ရှဲ့ဟိုင်ရဲ့ ပထမဆုံးညမှာ.......

ဖန်းလိကပျင်းပျင်းနဲ့ထလိုက်ပြီး တံခါးကို တွန်းဖွင့်ပြီးထွက်သွားတယ်။

အပြင်မှာစောင့်ကြပ်နေတဲ့ နတ်ဆိုးအစောင့်က ဖန်းလိ အပြင်ထွက်လာတာလည်း မြင်ရော ချက်ချင်း မြေပြင်ပေါ်သို့ ရိုသေစွာ ဒူးထောက်လိုက်တယ်။ သူ့အရှင်ဘာကို မိန့်ကြားချင်လဲဆိုတာကို မေးမလို့ ပြင်နေတုန်း ဖန်းလိက အနက်ရောင်ဝတ်ရုံရှည်ကြီးနဲ့ သူ့ကို ကျော်သွားလိုက်တယ်။

သူ့ရဲ့ မှတ်ဉာဏ်တွေအရ ပျက်စီးနေတဲ့ အိမ်မွေးအကောင်လေးတွေနေတဲ့ နန်းတော်အနောက်ဘက်ကို 
ဖန်းလိလာခဲ့တယ်။
သူတံခါးကနေဝင်လာတာနဲ့  မျက်လုံးစူးရှတဲ့ အလှလေးနှစ်ယောက်ကို တွေ့ခဲ့တယ်။ သူတို့က ဖန်းလိရဲ့ ဘယ်နဲ့ ညာဘက်ကို ရောက်လာပြီး ချက်ချင်း အပြုံးလေးတွေနဲ့ နှုတ်ဆက်ကြတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ပြီတည်တည်နဲ့ မြှူစွယ်တဲ့ အသံတွေနဲ့ ရယ်မောလိုက်ကြတယ်။

“အရှင် အားနေရင် ဘာလို့ ဒီကို လာတာလဲဟင်?”
ယောင်အာက အရှင့်ကို အများကြီး လွမ်းနေတာ။ ညတိုင်းညတိုင်း ထမင်းလည်းမစားနိုင်ဘူး ၊ ရေလည်းမသောက်နိုင်ဘူး။”

“ အရှင် ရင်အာကို မေ့သွားပြီးလား။ အရှင်က နုရဲ့ မျက်လုံးတွေက လှတယ်ဆိုပြီး နုအဖြစ်တင်မြှောက်လိုက်တာလေ”

ဖန်းလိက ဘေးဘက်ကို ပေါ့ပေါ့ပါးပါးကြည့်လိုက်တယ်။ အနက်ရောင်ဆံပင်တွေနဲ့ ခဲရောင်မျက်လုံးလှလှလေးတွေရှိတဲ့ ရေနတ်ဆိုးရယ်၊ ချစ်စရာကောင်းပြီး အိပ်ယာသိုင်းကျွမ်းတဲ့ အနီရောင်နှုတ်ခမ်းလေးတွေနဲ့ အနက်ရောင် မျက်လုံးလှလှတွေရှိတဲ့ ဖန်းရင်လို့ခေါ်တဲ့ နတ်ဆိုးလေးရယ် ဖြစ်နေတယ်။

ခြံဝန်းကို စောင့်ကြပ်တဲ့ အစောင့် အားလုံးက အရည်အချင်းအပြည့်အဝရှိပြီး ချစ်စရာလေးတွေချည်းပဲ။ သူတို့က အားနည်းတဲ့ ပုံပေါ်ပေမဲ့ တကယ်တော့  မဟုတ်ကြပါဘူး။ ဘော့စ်ကို ကျေနပ်စေဖို့ရန် ထွက်လာတဲ့ အလုပ်သမားတွေလိုပဲ။ သူတို့အားလုံးက ကြိုးကြိုးစားစားနဲ့ စိတ်ရှည်ရှည်အလုပ်လုပ်ကြတယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now