အပိုင်း(၃.၁) Unicode

Start from the beginning
                                    

ယုရီကျွင်းရှဲ့ဟိုင်အတွက်တော့ ဒီလိုငယ်ရွယ်ပြီး ချီဖြိုခွဲခြင်းအဆင့်မှာရောက်နေတဲ့ သခင်လေးတစ်ယောက်မှာ အဆုံးမရှိတဲ့ အနာဂတ်ရှိတယ်။ သေဖို့စောင့်နေရတဲ့ လူအိုကြီးတွေနဲ့ မယှဉ်နိုင်ဘူး။ ရှဲ့ဟိုင်မှာ စွမ်းအားက အလွန်အမင်းကြီးမားပြီး အေးစက်စက် အလင်းတစ်ချက်တည်းနဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို သတ်ခြင်းအားဖြင့် စကေးမြင့်မြင့်နဲ့တိုက်ခိုက်နိုင်တယ်။ သေဖို့အတွက် လုံလောက်အောင် သတ္တိတွေ ရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေ။ တိုက်ပွဲရဲ့ ဦးတည်ချက်က ရှဲ့ဟိုင်ရဲ့ ကျင့်ကြံဆင့်တွေကို လောင်မြိုက်သွားစေဖို့ပဲ။ အဆုံးမှာတော့ ဒါက သူ့ကို နာကျင်စေတဲ့ အရမ်းမိုက်တဲ့ ရိုက်ချက်ဖြစ်ခဲ့တယ်။

ရှဲ့ဟိုင်ရဲ့ ချိန်းခြောက်ခြင်းက အလွန်ကြီးမားခဲ့တယ်။

ပြိုင်ဘက်တစ်ယောက်အနေနဲ့ အချိန်ပေးလိုက်ခြင်းက ပြင်းထန်တဲ့ ပြဿနာဖြစ်လာနိုင်တယ်။ အမြစ်ကို ထုတ်ပြီး မြက်ပင်ကို ဖြတ်ပစ်ဖို့ မှန်ပေမဲ့လည်း အလွယ်တကူ ထုတ်ပစ်လိုက်လို့မရဘူး။

(T/N- ဒီမှာက သူဆိုတဲ့သဘောက ယန်ကျန်းချီးကို အမြစ်ပြတ်သုတ်သင်ချင်ပေမဲ့ မလွယ်ဘူးလို့ ဆိုလိုတာပါ)

ဝူရိမေ့က သူ့အရှင် ရှဲ့ဟိုင်လို အလိုလိုက်ခံထားရတဲ့ အိမ်မွေးတိရစ္ဆာန်လေးကို ချိန်းခြောက်တဲ့ အကြောင်းကို စဉ်းစားနေတယ်။ ဒါက ယန်ကျန်းချီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ရုံသာမက ဒီချိန်းခြောက်ခြင်းရဲ့ အကျိုးအနေနဲ့ ပြိုင်ဘက်တွေကို ရှင်းထုတ်ပစ်နိုင်တဲ့ အခွင့်အရေးလည်းဖြစ်တယ်။ ရှဲ့ဟိုင်တကယ်ပြန်ယူလာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ..........

ဒါကို ဝူရိမေ့ နားမလည်နိုင်ဘူး။

သူ့အရှင်ရဲ့ ရည်ရွယ်ချက်ကို သူဘယ်တုန်းကမှ မမှန်းဆရဲခဲ့ဘူး။ ဒါပေမဲ့ ရှဲ့ဟိုင်လို လူတစ်ယောက်ကို သူ့ဘေးမှာ အိမ်မွေးတိရစ္ဆန်အနေနဲ့ ထားမယ်ဆိုရင် ကျားတစ်ကောင်နဲ့ နေနေတာနဲ့ တူမှာပေါ့။ သူ နည်းနည်းလေးဖြစ်ဖြစ် သတိမထားမိလိုက်ဘူးဆိုရင် ဘယ်သူသေမလဲဆိုတာ သူသိတောင်သိလိုက်မှာ မဟုတ်ဘူး။
ဖြစ်နိုင်တာက......သူ့အရှင်က ရှဲ့ဟိုင်ကို သူ့ဘာသာတွေ့ခဲ့ပြီး သူ့ရုပ်ရည်မှာ ရှုပ်ထွေးပျော်ဝင်သွားတာလား။ ဒါဆိုရင် သူ့မှာ တကယ်ပဲ ဘယ်လိုအတွေးတွေ ရှိနေတာလဲ?
ဝူရိမေ့က အဲ့အကြောင်းတွေးလိုက်ပြီး တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်တယ်။
“ အရှင်..ဒီငယ်သားထင်တာက ရှဲ့ဟိုင်ကို ခေါ်သွားဖို့ မသင့်တော်ပါဘူး။”

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now