သခင်မလုံဆိုတဲ့အမျိုးသမီးကလုံချန်ကိုစိုးရိမ်တဲ့မျက်၀န်းတွေနဲ့ကြည့်လိုက်တယ်။
အဲ့ဒိနောက်ခေါင်းညိမ့်ပြီးထိုအသက်ကြီးကြီးလူကြီးနောက်ကိုလိုက်သွားတော့တယ်။
အခန်းအပြင်ကိုထွက်သွားရင်းထိုအမျိုးသမီးနဲ့ထိုလူပြောနေတဲ့စကားသံတွေကိုလုံ
ချန်ကြားနေရပါတယ်။

"သခင်မလုံ....သခင်လေးအသက်မသေသွားတာပဲကံကောင်းလှပြီ...ဒီအချိန်အတင်း
အကြပ်သွားမမေးပါနဲ့ဦး"

သခင်မလုံဆိုသည့်အမျိုးသမီးကတုန်တုန်ယင်ယင်ဖြင့်ပြန်ပြော
တယ်...

"ဆေးဆရာကြီးပြောတဲ့အဓိပ္ပါယ်ကကျွန်မသားလေးဟာ....."

ဆေးဆရာကြီးလို့အခေါ်ခံရသည့်အသက်ကြီးကြီးအမျိုး
သားကြီးကသက်ပြင်းချလိုက်ရင်း.....

"သခင်လေးရဲ့ဦးဏှောက်ဟာရှော့ရသွားတယ်...အမှန်အတိုင်း
ပြောရရင်..ပြန်သတိရလာတာကပဲအလွန်တရာကံကောင်းမှုလို့
ပြောရမယ်....ဒါပေမယ့်ဒဏ်ရာတွေကအလွန်ပြင်းထန်နေတုန်းပဲ....
ဒီလိုအနေအထားမှာသခင်လေးမှတ်ညာဏ်တွေပျောက်သွားဖို့က
လုံးဝြဖစ်နိုင်ချေများနေတယ်"

လူနှစ်ယောက်မှာတစ်ဖြေးဖြေးအဝေးကိုရောက်သွားသောကြောင့်လုံချန်
ဘာမှထပ်မကြားတော့။မျက်နှာကျက်ကိုအဓိပ္ပါယ်မဲ့စွာသူစူးစိုက်ကြည့်နေရင်း
ပြင်းပြသည့်နာကျင်မှုကိုသူခံစားလိုက်ရပါတယ်။အထူးသဖြင့်ခေါင်းအနောက်
ပိုင်းကစူးအောင့်ပြီးနာနေတယ်။

"ဘာတွေဖြစ်ကုန်တာလည်း....ငါကလုံချန်ဆိုတော့ ငါ့အမေက ခုနကအမျိုးသမီး
ပေါ့..ဘာ့ကြောင့်ငါစိမ်းနေသလိုခံစားနေရတာလည်း"

သူ့မှတ်ညာဏ်တွေထဲမှာရှုပ်ထွေးနေတယ်။သူဘယ်ကလာတာလည်း။မောက်မာ
ပြီးအလွန်အစွမ်းထက်တဲ့သူတစ်ယောက်ရဲ့မှတ်ညာဏ်မျိုးလည်းသူ့တွင်ရှိနေပြန်တယ်။
မွေးချင်းတွေရဲ့အနိုင်ကျင့်တာကိုခံရတဲ့အသုံးမကျတဲ့ကောင်လည်းတစ်ယောက်ရဲ့
မှတ်ညာဏ်လည်းသူ့မှာရှိနေတယ်။

ဆေးနတ်ဘုရားလုံချန်လား၊အသုံးမကျတဲ့လုံချန်လား၊တစ်ကယ့်အစစ်အမှန်
ကဘာများလည်း။သူဟာပြန်မွေးဖွားလာတဲ့ဆေးနတ်ဘုရားတစ်ပါးလား။ဒါမှ
မဟုတ်သူ့ရဲ့ဆေးနတ်ဘုရားဝိညာဉ်ကဒီအသုံးမကျတဲ့ကောင်လေးရဲ့ဝိညာဉ်
နဲ့ပေါင်းစပ်သွားခြင်းပေလား။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ