ကျန်းဟာအိုက သူ့အပေါ်ရက်စက်လွန်းပါသည်။
...
"ဆောင်းဟန်ဘင်း ဒီတစ်ခါထပ်ကျလာရင်သတ်မှာ ဆိုတာ အတည်ပြောတာနော်"
နောက်ဆုံးစာမေးပွဲမတိုင်ခင် တစ်ရက်အလို၏ ညဘက်၌ စာသင်ခုံတွင် ထိုင်ရင်း ကျန်းဟာအိုပြောသည့် ခြိမ်းခြောက်စကား။
"သိပါတယ် ဟာအိုရယ်၊ ကိုယ်က အထက်တန်းကျမယ့်ရုပ်လားနော်"
သွားလေးဖြဲကာ ပြောမိတော့ နဂိုကြုတ်ထားသည့် မျက်မှောင်ကိုပို၍ကြုတ်ပစ်ပြီး ထပ်ပြောလာသည်။
"ကျမယ့်ရုပ်ပဲလေ နှစ်ခါကျခဲ့ပြီးတော့များ"
"အဲ့ဒါ ဟာအို့ကြောင့်လေ"
သူပြောတော့ မှုန်ကုတ်နေသည့်မျက်နှာထားဖြင့် မပြောင်းမလဲကြည့်နေတုန်း။
ကျန်းဟာအိုမို့လို့သာ ဒီလိုဆူပုတ်နေတာတောင် မျိုချထားချင်စရာလေး ဖြစ်နေတာ။
အသက်ရှင်ခဲ့တဲ့ နှစ်၂၀ကျော်ဆုံး ဒီလောက်ချစ်ဖို့ကောင်းတဲ့ နို့ခဲလေးလိုလူမျိုး တစ်ခါမှမကြုံခဲ့ဖူးပါလေ။"ဘာပဲဖြစ်ဖြစ် မမေ့နဲ့ မရှန်းနဲ့။ စာမေးပွဲခန်းထဲရောက်ရင်...."
"စာမေးပွဲခန်းထဲရောက်ရင် မေးခွန်းစာရွက်ရတာနဲ့ ဘာမေးလဲသေချာကြည့်၊ units တွေမကျန်ခဲ့စေနဲ့၊ စာလုံးပေါင်းသေချာကြည့်။ တစ်ပုဒ်ချင်းစီအာရုံစိုက်ပြီး သေချာဖြေ။ စာပြန်စစ် အဲ့လိုပဲပြောဦးမှာမလား ဟာအိုရယ်"
"သိရင်ပြီးတာပဲ"
"ကိုယ် သုံးနှစ်လုံးကြားလာရတာ အလွတ်ရနေပြီ"
"အဲ့ဒါဆို ငါသွားတော့မယ်"
ပြောပြီးနောက် လွယ်အိတ်လွယ်ပြီး ထသွားတော့မည့်သူအား ထိုင်နေရာက လှမ်းဆွဲလိုက်တော့ ဘာလဲ ဟူသည့်မျက်နှာပေးဖြင့် ကြည့်လာသည်။
"အစောကြီးရှိသေးတာကို ပြန်တော့မလို့လား"
"စာသင်ပြီးပြီလေ ပြန်တော့မှာပေါ့"
"ကိုယ်နဲ့နေပါဦး"
"ဆရာကိုရိသဲ့သဲ့လုပ်နေရင် စာမေးပွဲဖြေနိုင်မှာမဟုတ်ဘူးနော် ဆောင်းဟန်ဘင်း"
너를 만나 - 13 (End)
Start from the beginning