နယ်မြို့

Start from the beginning
                                    

"အေး အေး
ဒါဆိုလည်း ငါလည်းပြန်မယ်ကွာ
မင်းဒေါ် ကြီး စိတ်ပူနေတော့မယ်"

"ဟုတ်ကဲ့"

ဦးမင်းနိုင် တစ်ယောက် ပြောရင်းဆိုရင်းပင် ၄င်း၏ လယ်တောတဲလေး မှတဆင့် ရေနံမီးအိမ်နှင့် ငှက်ကြီးတောင်ဓါးကို ကျောမှာလွယ်လို့ မိ နစ် (၃၀) လောက် သွားရသည့် မြို့အစွန် ရပ်ကွက်က ၄င်းရဲ့ အိမ်ဆီသို့ …

📳📳📳📳📳

အိမ် ဆင်၀င်အောက် ရောက်တယ်ဆိုရင်ပဲ မိန်းမဖြစ်သူက

"တော်ကလည်း နောက်ကျလိုက်တာ
ဘာတွေလုပ်နေရလို့လဲ

သူရင်းငှားလည်း ရှိတာပဲ
သူရင်းငှားနဲ့ ထားလို့ရတဲ့ နေရာလည်း ထားပေါ့
နေရာတိုင်း ရှင်၀င်ပါနေလို့ ဖြစ်မလား"

"မင်းကလည်း
ပြန်လာတာနဲ့ နားကိုပူနေတာပဲ
အလုပ်မှာ ပင်ပန်းလာတာက တစ်မျိုး
အိမ်ရောက်တော့ မင်းကတစ်မျိုး
နေရာတကာ သေချာလုပ်နိုင်မှ မလေလွင့်သင့်တာ မလေလွင့်မှာပေါ့

ဘယ်မှာလဲ
အပတ်စဉ် မင်းသားတက္ကသိုလ် ကျောင်းသားကြီးကို ပို့ဖို့ ပိုက်ဆံ

ဘယ်မှာလဲ
မင်းသား ကျောင်းပိတ်ပြန် တော့ မင်း သမီး (၂) ယောက် စာပေးစာယူ တက်ဖို့ ပိုက်ဆံ

ဘယ်မှာလဲ ကျူရှင်လခ

အဲ့တာလောက်နဲ့ ပြီးရောလား
မနှစ်က စပါးမအောင်လို့ ပေးရမယ့် အကြွေးတွေ

မသန်းစိန်
မင်းသိနေရက်သားနဲ့ အသိခေါက်ခက် အ၀င်နက်တဲ့ စကားတွေ မပြောနဲ့ကွာ”

“သိတယ်
သိတယ်ရှင်ရေ
အဲ့လို သိလို့လည်း ရှင်အဲ့လိုတွေ လုပ်နေရတာ မကြည့် ရက်လို့
ရှင့်သား၊ သမီးတွေက ရှင်ပင်ပန်းနေတာ သိလည်း အသုံးက လျော့သွားတယ် မရှိဘူး"

"ဪ မင်းကလည်း
သူ့ကုသိုလ်ကံနဲ့ သူလာတာ
သုံးပါစေ"

"ကဲ ကဲ
ကိုယ်ရေ လက်ရေလေး သပ်လိုက်အုံး
ထမင်းခူးပြီးသား
တော့ စောင့်နေတာ"

"ဟဲ့
ငါ့သမီး နှစ်ယောက်ရော မမြင်ပါလား"

"တော့ သမီးတွေက အိမ်ရှေ့အိမ်မှာ ဇာတ်လမ်းသွားကြည့်တယ် တော်ရေ"

ကဗျာစုစည်းမှူWhere stories live. Discover now