"အမှန်အတိုင်း"

32 2 0
                                    

အမှန်အတိုင်းပြောရရင်
ဆိုင်လဲ ဆိုင်ချင်တယ်
ပိုင်လဲ ပိုင်ချင်တယ်

ပိုင်ဆိုင်ခွင့်ရှိမှ
ချစ်တာ မဟုတ်ဘူးလေဆိုတာက
မပိုင်ဆိုင်ရတော့မှန်း
သေချာသွားတဲ့အခါမှ
ပြောလို့ထွက်တဲ့ စကားပါ

ကိုယ်က ချစ်ရတဲ့သူပဲ
ကိုယ်မြတ်နိုးရတဲ့
ဘယ်အရာမဆို
အပိုင်ပဲ လိုချင်တာပေါ့

ဒါပေမယ့်
အလှမ်းဝေးလွန်းတဲ့အခါ
အဝေးက လှမ်းကြည့်ရလဲ
လှပါတယ်ဆိုတဲ့
စကားနဲ့ ဖြေရတယ်

အင်း ...
ဒီလိုပဲပေါ့ ...
တချို့အရာတွေက
အဝေးက လှမ်းကြည့်ရလဲ
လှပါတယ်

ပြီးတော့ ...ရပါတယ်

#crdကျေးကို
S.h.u.n.e💓

ကဗျာစုစည်းမှူWhere stories live. Discover now