၂၀၀၀ ခု နှစ် ၀န်းကျင်
နယ်မြို့လေးတစ်မြို့ရဲ့ အစွန်ဘက်
မြို့နှင့် လွန်စွာ အလှမ်းဝေးသော လယ်ကွင်းပြင် ကျယ်ကြီး တစ်နေရာ ညနေမိုးချုပ်နေ၀င်ပြီး အခြားအတူ လုပ်ကိုင်သော လုပ်ဖော်ကိုင်ဖက်များ လုပ်ငန်းခွင်သိမ်းကာ အိမ်ပြန်ကြပေမဲ့ထိုအချိန်အထိ
မပြန်နိုင်သေးသော ပုဂ္ဂိုလ်တစ်ဦးကို သင်သေသေချာချာ အာရုံစိုက်ကြည့်မယ်ဆိုရင် တွေ့ နိုင်ပါတယ်။ထိုသူကား အခြားတော့မဟုတ်
… ကျေးရွာတွင် နေထိုင်သည့် လယ်သမားကြီး ဦးမင်း နိုင်အများအမြင်မှာရော
သားသမီးတွေအမြင်မှာရော
စီးပွားရေးအတန်အသင့် တောင့်တင်းသည်ဟု ထင်ရသောသူ တစ်ယောက်။ထိုသို့သောသူတစ်ယောက် ယခုအချိန်အထိ သူဘာကြောင့် မပြန်နိုင်သေးတာလဲ
သူ့ လောဘကြောင့်လား …
အဖြေတစ်ခုတော့ ရှိလိမ့်မည်ထင်သည်။ည (၇) နာရီအချိန်လောက်ရောက်ပြီဆိုရင်ပဲ သူရင်းငှားလေးက
"ဘကြီး
မပြန်သေးဘူးလား
စပါးပုံတွေ စိတ်ချပါ
ကျွန်တော် တစ်ယောက်လုံး ရှိပါတယ်"" မင်း စိတ်မချလို့ မဟုတ်ပါဘူးကွာ
မင်း တစ်ယောက်တည်း အဆင်မပြေမှာစိုးတာရယ်
စပါးတွေကလည်း တော်တော်ကြွေနေပြီဆိုတော့ အမြန်ရိတ်နိုင်မှကွခုကလည်း
လယ်တိုင်းက ရိတ်နေတာဆိုတော့ ကောက်ရိတ်သမား အခက်အခဲတွေနဲ့မို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ ပါကွာလိုအပ်ရင်တော့
ဒို့ရွာဘက်က လူတွေပဲ ဆင်းခေါ်ရမှာပဲ""ဘကြီးကလည်းဗျာ
ဘကြီးတို့ အနေအထားနဲ့ ဒီလောက် ဘာဖြစ်မှာလဲ""အေး အေး
ပြောကြတော့ကွာ
ဒါ မင်းတို့ အမြင်ကို
ဟိုမှာ တက္ကသိုလ် ကျောင်းသားက တစ်ယောက်
စာပေးစာယူ တက်နေတဲ့ သမီးက (၂) ယောက်
အရင်နှစ်က စပါးမကောင်းလို့ တင်နေတဲ့ အကြွေးတွေ နဲ့ မင်းတောင်တတ်နိုင်လို့ ငှားတာမဟုတ်ပါဘူးကွာ""တော် တော်
ဘကြီးဆက်ပြောရင် ကျွန်တော့ သူရင်းငှားခပါ ပြန်ပေးနေရမယ်"
ВЫ ЧИТАЕТЕ
ကဗျာစုစည်းမှူ
Документальная прозаပိုင်ရှင်ဖျတ်ခိုင်းရင်ပြန်ဖျတ်ပါမယ် အားနေလို့ကဗျာလေးတွေ့လာစုတာဟီ