"ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ"

17 0 0
                                    

"ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ"

ကိုယ့်ထက်ချမ်းသာတဲ့သူကိုကြည့်ပြီး
ကိုယ့်ဘဝကို သိမ်ငယ်နေစရာ မလိုပါဘူး။

ကိုယ့်ထက်တော်တဲ့သူကို ကြည့်ပြီး
ကိုယ့်အရည်အချင်းကို သံသယဝင်စရာမလိုပါဘူး။

အနှစ်ချုပ်ပြောရရင်
သူ့ဘဝကိုကြည့်ပြီး ကိုယ့်ဘဝကို အားငယ်ဖို့ မလိုပါဘူး။ တကယ်ကိုမလိုတာပါ။

လူတိုင်းလူတိုင်းမှာ
ဘယ် Level ကိုပဲ ရောက်ရောက်  ကိုယ့်ထက်တော်တဲ့သူ၊ ကိုယ့်ထက် အစစရာရာ သာလွန်တဲ့သူဆိုတာ ရှိနေစမြဲပါပဲ။

မွေးဖွားလာကြတဲ့ ကံတွေမတူတာမို့
ဖြတ်သန်းရတဲ့ဘဝလောကဓံ တွေလည်း ကွဲပြားကြတယ်။

ဒါကြောင့်

ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးလုပ်ပါ။
ဘယ်သူနဲ့မှ ကိုယ့်ဘဝကို နှိုင်းယှဉ်ပြီး
စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။

နန်းသန်းသန်းဌေး(ဘဝစာပေ)
June 2023
#nanthanthanhtay

ကဗျာစုစည်းမှူWo Geschichten leben. Entdecke jetzt