မိုးရွာတယ်ဆိုရင်.. ဘယ်သူမဆို..မိုးစိုနိုင်တာပါပဲ..ရာသီဥတုနဲ့ဆိုင်တဲ့..ကိစ္စမို့.. မိုးမရွာနဲ့လို့လည်း..တားလို့မရပါဘူး..

ဒါပေမဲ့..မိုးမစိုအောင်ဘယ်လိုနေမလဲ ..အအေးမမိအောင်...မဖျားမနာအောင်ဘယ်လိုနေမလဲ..
အိမ်ထဲမှာပဲ နေပြီး မိုးတိတ်အောင်စောင့်မလား....ထီးဆောင်းပြီး သွားစရာ ရှိတာသွားမလား.. ဘတ်စကားဂိတ်မှာခဏ ခိုနေမလား..အအေးမမိအောင် ဆေးကြိုသောက်ထားမလား..ဆိုတာက ကိုယ်လုပ်နိုင်တဲ့အပိုင်းဖြစ်ပါတယ် ..ကိုယ် ဆုံးဖြတ်နိုင်ပါတယ်

မိုးရွာထဲမှာထိုင်ငိုနေလို့ မိုးတိတ်သွားမှာမဟုတ်ပါဘူး...ကျွန်မတို့က..တစ်ခါတလေကျတော့ ကိုယ်စီမံပြုပြင်လို့မရတဲ့..ပြင်ပက..အရာတွေနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ရ..စိုးရိမ်ပူပန်ရနဲ့...လမ်းပျောက်သွားတတ်ကြပါတယ် ..

ကိုယ် Manage လုပ်လို့ရတဲ့အရာတွေကတော့ကိုယ်ရဲ့ စိတ်အတွင်းထဲကပဲလာပါတယ်..ဘယ်အခြေအနေမှာမဆို အတွင်းနဲ့အပြင်..ကိုယ်လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ..နှစ်ခုကို ကွဲကွဲပြားပြားသိဖို့ အရေးကြီးတာပါပဲ..

ကျွန်မရဲ့ဘဝမှာ ငွေကြေးအရ
အရမ်းဆိုးတဲ့အချိန်တစ်ခုကို.. ကြုံခဲ့ဖူးပါတယ် ..အဖွား ဆုံးသွားတာနဲ့ ရွှေတောင်ကြီးရော..ငွေတောင်ကြီးပါပြိုသွားတော့တာပါ..သေခြင်းတရားဆိုတဲ့ ပြင်ပကအရာတစ်ခုကို..ဘယ်လိုမှ ထိန်းချုပ်တားဆီး ပြုပြင်လို့မရခဲ့ပါဘူး..ကိုယ်တိုင် ပြန်ထနိုင်အောင်ပဲ ကြိုးစားခဲ့ရတယ်..

အဲဒီအကြောင်းစာလေးတစ်ပုဒ်တောင်ရေးခဲ့ဖူးတယ်..အဲဒီအချိန်မှာ မောင်လေးကလည်းကျောင်းတက်နေတာမို့ ကျောင်းစားရိတ်ရှာပနေရတဲ့ ကျွန်မ... အပြင်မှာ စာသင်ခဲ့ရတာ..နေ့တိုင်း ည ၉နာရီမှ အိမ်ရောက်ပါတယ်..နားရက်လုံးဝမရှိခဲ့ပါ..

အဲဒီအချိန်ကို..ဖြတ်ကျော်လာနိုင်ခဲ့တော့ ငွေကြေး ကိစ္စတွေ.. တော်ရုံတန်ရုံလောက်ကို တွေးပြီး မကြောက်တော့ပါဘူး..အသက်ရှင် ကျန်းမာ နေသမျှ..
ကိုယ် ပြန်ရှာနိုင်တယ်..ဖြေရှင်းနိုင်တယ် ဆိုတဲ့ ယုံကြည်မှုမျိုးဝင်သွားပါတယ်..

လူတစ်ယောက်ရဲ့ အရည်အသွေး..အစွမ်းအစတွေဆိုတာဟာလည်း ကျဥ်းထဲကျပ်ထဲရောက်မှ ထွက်လာတာချည်းပါပဲ..
အဆင်ပြေနေသမျှတော့ ဒီလိုပဲ မျှောလိုက်တတ်ကြတာ သဘာဝပါပဲ..

အခက်အခဲဆိုတာကတော့ ဘယ်သူ ကြုံချင်ပါ့မလဲ..ဘဝမှာ အခက်အခဲ မရှိလေ ကောင်းလေပဲ..ဒါပေမဲ့ အခက်အခဲတွေ ကြုံလိုက်ရလို့ ကိုယ် ဘယ်လို ကျော်ဖြတ်နိုင်ခဲ့သလဲ ဆိုတာ သိလိုက်ရတဲ့အခါ..ဖြစ်လာတဲ့ စိတ်ခွန်အားက ဘာနဲ့မှ မတူတော့ဘူး..တော်ရုံ ပြသနာတွေလောက်နဲ့
မပြိုလဲတော့ဘူးလေ..

မွန်ဟော်စီ
ဇွန်လ ၂၀၂၁

#monhalsey
#repost
#PostFromTwoYearsAgo
#Morningvitamins
#မနက်စာအာဟာရ
#Resilence

Photo
Pixabay

ကဗျာစုစည်းမှူWhere stories live. Discover now