𝗖𝗵𝗮𝗽𝘁𝗲𝗿 - 𝗩𝗜𝗜𝗜 ❮𝗭𝗮𝘄𝗴𝘆𝗶❯

210 3 1
                                    

ကြွေပြားအေးအေးပေါ် ထိုင်လျက်သား သူ့အပေါ်သို့ စီးကျလာသော ရေအေးအေးများ။

Jake မျက်လုံးတို့အား မှိတ်ပြီး အသက်အောင့်ထားမိသည်။

မျက်နှာပေါ်က အသစ်သော ၊ အဟောင်းသော မကျက်သေးသည့် ဒဏ်ရာများက မသန့်စင်သော ရေကြောင့် စပ်ဖျဉ်းဖျဉ်းနှင့်။

မျက်နှာအကြောများအား ကျုံ့ထားမိတာကြောင့်လည်း အတွင်းကြေ ဒဏ်ရာတွေက ခပ်အောင့်အောင့်။

တစ်ပုံးလုံး ကုန်သွားချိန်မှာတော့ တိကျသော တစ်စုံတစ်ယောက်က လက်ထဲမှ ရေပုံးအား လွှတ်ချလိုက်သည်။

အားနှင့် ပစ်ပေါက်တာမျိုးတော့ မဟုတ်သော်လည်း အမြင့်တစ်ခုမှ ပြုတ်ကျသည် ဖြစ်တာမို့ ရေပုံးဆီမှ အသံဟာ အထိုက်အလျောက်တော့ ထွက်လာကာ အပေါ်သို့ ပြန်ခုန်သွားသည်။

စိုနေပါသော်လည်း အနည်းဆုံးတော့ မျက်နှာပေါ်က ရေစက်များအား ဖယ်ရှားရမည် ဖြစ်တာကြောင့် Jake ဟာ hoodie ၏ လက်ဖျားအား မျက်နှာပေါ်သို့ ဖိကာ ပွတ်သပ်လိုက်၏။

လုပ်ရက်ကြောင့် ဒဏ်ရာတွေက နာကျင်မှုကို ပေးသော်ငြား သူ့ကို ငုံ့ကြည့်နေတဲ့ Jay က ပိုနာကျင်ရမည်မို့ Jake က ဒါမျိုးနဲ့ ထိုက်တန်လှပါတယ်။

စိတ်ကြိုက် သောင်းကျန်းအပြီးမှာတော့ Jay ရဲ့ အသက်အား ပြင်းထန်စွာ ရှူနေသော အသံများက အခန်းတွင်း၌ ပျံ့လွင့်နေခဲ့ပြီ။

လွန်ခဲ့တဲ့ သောကြာနေ့မှစ၍ ယနေ့အထိ တစ်ပတ်လုံးဟာ Jake အတွက် ထိုးကြိတ်ခံရရင် ခံရ ၊ မခံရရင် ဒဏ်ရာတွေနဲ့ အားနည်းနေတဲ့ ကိုယ်ဟာ ရေထဲ၌ နေရသည်။

ကျောင်းရေကူးကန် ဒါမှမဟုတ် မိုးရေထဲ။

ရေစိုဝတ်နဲ့ အရိုက်အနှက်ခံရတာမျိုး ရှိသလို အရိုက်အနှက် ခံပြီးခါမှ ရေထဲ ဆင်းရတာမျိုးလည်း ရှိသည်။

ကိုက်နေသော ခေါင်းနှင့် ‌ဝိုးတဝါးအမြင်အာရုံအား ကြည်လင်စေရန် Jake က မျက်လုံးအား ခပ်တင်းတင်း ပိတ်ပြီး ပြန်ဖွင့်လိုက်၏။

ထိုအချိန်မှာပဲ...။

"Jay တော်ပြီလေကွာ"

ကြမ်းပြင်ပေါ်က ကြမ်းတိုက်တံအား ကောက်မလိုက်တဲ့ Jay နှင့် Jay အား တားလာသော Heeseung ၏ အသံ။

You've reached the end of published parts.

⏰ Last updated: Oct 06, 2023 ⏰

Add this story to your Library to get notified about new parts!

𝗧𝗵𝗲 𝗕𝘂𝗹𝗹𝘆 𝗔𝗻𝗱 𝗛𝗶𝘀 𝗙𝗮𝘃𝗼𝘂𝗿𝗶𝘁𝗲 𝗚𝗥 𝗕𝗼𝘆  ▍𝗝𝗲𝗻𝗴𝗝𝗲𝗸Where stories live. Discover now