𝗖𝗵𝗮𝗽𝘁𝗲𝗿 - 𝗜𝗜𝗜 ❮𝗭𝗮𝘄𝗴𝘆𝗶❯

665 16 8
                                    

"ဘယ်သူ လုပ်တာလဲ?"

Jay နှင့် နံရံကြား ညှပ်နေသည့် Jake ဟာ ခေါင်းလေး ငုံ့လျက်။

"မင်းကို ငါမေးနေတယ်မလား!"

လက်တစ်ဖက်ဖြင့် မျက်နှာအား ဆွဲမော့လိုက်တော့ မျက်ခုံးလှလှတို့က နာကျင်မှုကြောင့် ကျုံ့ခနဲ။

"နာတယ် Jay လွှတ်ပေးပါ"

ဖောင်းနေတဲ့ ပါးတစ်ဖက်က ဒဏ်ရာကြောင့် Jake သူ့အား မငြင်းစဖူး ငြင်းပယ်နေသည်ကို Jay သိသည်။

သို့သော် မသနားနိုင်ပါ။

"အခုမှ နာတတ်တယ်လား?! အထိုးခံလာရတုန်းကကျ ပါးစပ်မပါသလို ငါ့ကို လာမပြောဘူး! Jake Sim… ငါသာ သောက်ရူးဆို တစ်သက်လုံး သိသွားမှာတောင် မဟုတ်ဘူး!"

"ဘယ်ကောင်လဲ ပြောစမ်း?!!"

ဘယ်လောက်မေးမေး အံကြိတ်ကာ တိတ်နေသည့် Jake ကြောင့် Jay ပို ဒေါသထွက်လာသည်။

*ဘုန်း!*

Jake မျက်နှာကို ဖြစ်ညှစ်ကာ ဒေါသအကုန် မဖြေမိခင် Jay နောက်က နံရံကို ရိုက်လိုက်၏။

"ပြောမှာလား မပြောဘူးလား?!"

မျက်လွှာချပြီး အောက်နှုတ်ခမ်း အတွင်းသားကိုသာ ကိုက်ထားတဲ့ Jake ဟာ ဘာတစ်ခွန်းမှ ပြန်မပြော။

ဘယ်ကကောင်မို့လို့ Jake Sim ဒီလောက် ကာကွယ်ပေးနေ ရတာလဲ?!

*ဖြန်း!*

လည်ထွက်သွားတဲ့ Jake ရဲ့ မျက်နှာ တစ်ဖက်။

ဒဏ်ရာရှိတဲ့‌ နေရာကို ထိသွားတာကြောင့် အတော်လေး နာသွားမှာတော့ ကျိန်းသေသည်။

ရံဖန်ရံခါ Jay က ဒါမျိုး ထထလုပ်တတ်သည်မို့ Jake က နေသားကျနေသလို ပါးလေးကို လက်လေးဖြင့် အုပ်၍သာ။

"မင်းကတော့ကွာ!"

ကျယ်လောင်စွာ မာန်မဲရင်း တကယ် ဆွဲမထိုးမိခင် Jay ဟာ တစ်ဖက်လှည့်ကာ ခါးထောက်၍ အသက်ပြင်းပြင်း ရှူထုတ်ရ၏။

ထိုအချိန်…။

"Jay…"

အင်္ကျီစကို လက်ဖျားကလေးတွေနဲ့ ခပ်ဖွဖွလာဆွဲတဲ့ လက်တစ်စုံ။

"ငါမင်းကို အလုပ် မရှုပ်စေချင်လို့ပါ"

အသံလေးက တိုးတိုးလေးဆိုမှ တိုးတိုးလေး။

𝗧𝗵𝗲 𝗕𝘂𝗹𝗹𝘆 𝗔𝗻𝗱 𝗛𝗶𝘀 𝗙𝗮𝘃𝗼𝘂𝗿𝗶𝘁𝗲 𝗚𝗥 𝗕𝗼𝘆  ▍𝗝𝗲𝗻𝗴𝗝𝗲𝗸Where stories live. Discover now