𝗖𝗵𝗮𝗽𝘁𝗲𝗿 - 𝗩𝗜 ❮𝗭𝗮𝘄𝗴𝘆𝗶❯

175 4 0
                                    

"Mum you're not coming!"

ဖုန်းတစ်ဖက်က စကားအား စိတ်ပျက်လက်ပျက် တုံ့ပြန်ကာ ဆိုဖာပေါ် ဘုန်းခနဲ ပစ်ထိုင်လိုက်သည့် ကောင်လေး။

နားရှုပ်ဖွယ် Australian accent ကလည်း မကြည်လင်တဲ့စိတ်ကြောင့် ကောင်လေးနှုတ်ခမ်းမှ ပိုရှုပ်ထွေးစွာ ထွက်ကျလာသလို။

"Seriously? Everytime mum! EVERY FREAKING TIME!!"

တစ်ဖက်က စကားဟာ သူ့ကို စိတ်ဒုက္ခ အကြီးကြီးပေးနေသလို ကောင်လေးဟာ မျက်ခုံးကြောကိုသာ ဖိနှိပ်နေ၏။

"Naurrrr that's not how it works."

"...."

"Ughh!! you guys hate me breathe peacefully aren't you?!"

"...."

"Hey hey hey! Stop right there! No one's touching Jay. Wanna come right? Pull up! Do whatever you want just stop using his name. That's annoying!"

"......"

"Deal..."

တီခနဲ ချသွားသော ဖုန်းနှင့်အတူ မိခင်ဖြစ်သူ လေဆိပ်လောက်အထိ ရောက်နေပြီမှန်း Jake သိလိုက်ရသည်။

သူတို့လင်မယား ရန်ဖြစ်တိုင်း သူကချည်း ကြားက အညှော်ခံ ၊ အရှို့ခံ ထိုင်ကြည့်နေရတာ မဟုတ်သေးဘူး။

ကန်ထုတ်တုန်းက ကန်ထုတ်ထားပြီး ရန်ဖြစ်မှ သူ့အိမ်ပြေးလာတာ ဘာအထာလဲ?

ဖခင်ဖြစ်သူဆိုတာကလည်း သူ့မိန်းမသူ ဆူလိုက် ငေါက်လိုက်သာ လုပ်နေတာ စိတ်ကောက်ပြီး သူ့ဆီပြေးလာရင် နေ့မကူးခင် သူ့အိမ်ကပဲ လူနှစ်ယောက်စာ အလေးချိန်ကို ပိုထမ်းရရော။

အခုလည်း လာပြန်ဦးမယ်။

'လာမယ်' ပြောပြီးသာ လာဖို့အကြောင်းလှမ်းကြားနေတာ မာမီမားသားကြီးက ‌Incheon လေဆိပ် ခြေချပြီးနေတာ အသိသာကြီး။

သူ့အမေ အိမ်သော့ ဘယ်လိုဖွင့်ဖွင့် မဖွင့်ဖွင့်လည်း Jake စိတ်မ၀င်စား အားတော့ဘဲ key card အား လွယ်အိတ်ထဲ ထည့်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သော့ဖျက်တဲ့ နေရာမှာ လိုက်မီတဲ့လူ မရှိတဲ့ သူ့ mummy ဆိုတော့ သူ့သော့လည်း ဖျက်ပြီး အိမ်ထဲ ၀င်ထိုင်နေမှာပေါ့။

"Layla... mum's gonna come."

‌သူ့ပေါင်ပေါ်မေးတင်လျက် ဇိမ်ယူနေတာ မကြာသေးတဲ့ Layla က သူ့အား မော့ကြည့်သည်။

𝗧𝗵𝗲 𝗕𝘂𝗹𝗹𝘆 𝗔𝗻𝗱 𝗛𝗶𝘀 𝗙𝗮𝘃𝗼𝘂𝗿𝗶𝘁𝗲 𝗚𝗥 𝗕𝗼𝘆  ▍𝗝𝗲𝗻𝗴𝗝𝗲𝗸Where stories live. Discover now