The End of love story

14.3K 549 23
                                    

"ငါ ကွန့်ထူးထည်ဝါကို တော်တော်အမြင်ကပ်နေပြီ "

စျာန်ရဲ့ အပြောကြောင့် အကုန်လုံး လှမ်းကြည့်လိုက်မိတော့ အိမ်ဘေးဘက်ရှိ ဒန်းပေါ်မှာ နမ်းနေကြတဲ့ ကွန့်ထူးတို့ နှစ်ယောက်သားကြောင့် အကုန်လုံး  သွေးတက်ကုန်ကြသည်။ လူကြီးတွေရှိနေတာကို မဆင်မခြင်နဲ့ တကယ်ဆိုးနေတာ။

"ကြည့်ထား မင်္ဂလာဦးညကျမှ အခန်းခွဲသိပ်အုံးမယ် "

ဆက်ပြီး ကြိမ်းဝါးနေတာကြောင့် ကိုရှင်းက ရယ်လိုက်ပြီး

"ထားလိုက်ပါ ကြင်စဦးတွေဆိုတော့ ဒီလိုပါဘဲ "

အကုန်လုံး ကလောက အိမ်ကို ပြန်ရောက်နေကြတာဖြစ်သည်။ ကွန့်ထူးက လက်မှတ်ထိုး လက်ထပ်သွားပြီးတော့မှ ပန်းမြိုင်နွယ်ကို ပြန်ခေါ်သွားမယ်လို့ ပြောတာကြောင့် စီစဥ်စရာရှိတာ စီစဥ်လို့ရအောင် လိုက်လာကြတာ ဖြစ်သည်။ ပန်းမြိုင်နွယ်က လူကြီးတွေကိုလည်း အကြောင်းကြားလိုက်တော့ အလင်းနှင့် မမကြီးတို့ ဖိုးထူးတို့က ရောက်လာကြပေမယ့် ဖွားမှုံနှင့် ရုဏ့်ဖေဖေ၊ မေမေတို့ကတော့ မရောက်လာကြ။ ကွန့်ထူးဘက်ကတော့ အကုန်လုံးရောက်နေကြတာ ဖြစ်သည်။

"တော်ပြီလို့ ကိုကိုကလည်း "

"ဒီနေ့မှ ဘာလို့နမ်းချင်နေမှန်း မသိဘူးကွာ နမ်းလို့ကို မဝဘူး "

"ရုဏ့်နှုတ်ခမ်းတွေ နာနေပြီလို့ "

နှုတ်ခမ်းစူပြီး မျက်စောင်းလေးခဲကာ ပြောလာတဲ့ ကလေးက တကယ်နာနေသည့်နှယ်။ သို့ပေမယ့်လည်း ကွန့်ထူးမှာ အလွတ်မပေးချင်တော့လည်း ခက်။

"ဖြေးဖြေးဘဲ နမ်းမယ်လေ နော် "

ထုံးစံအတိုင်း မျက်ဝန်းလေးတွေထဲ စိုက်ကြည့်ရင်း တောင်းဆိုတော့ ဘာမှပြန်မဖြေဘဲ မျက်တောင်လေးတွေကိုသာ ပုတ်ခတ်နေသည်။ ထိုစဥ်

"ဖြေးဖြေးလည်း နောက်မှနမ်း ဟေ့ကောင် မင်းဖားသားကြီး ခေါ်နေပြီ "

နားနဲ့ကပ်ကာ ထွက်လာတဲ့ စျာန့်အသံကြီးကြောင့် ကွန့်ထူးလန့်ကာ အော်လိုက်မိသည်။

"ဟာ လန့်လိုက်တာ စျာန်ရာ အသံလေးဘာလေး မပေးဘူး "

"အံမယ် အိမ်ရှေ့ထွက်ပြီး မိုးမမြင်လေမမြင် ဖြစ်နေတာ မင်းတို့နော် "

မောင့်အာရုဏ်ဦး // COMPLETE //Место, где живут истории. Откройте их для себя