💕13💕

9.2K 491 47
                                    

"ကောင်းတာပေါ့ ကိုကွန့်ရာ အဲ့လိုမျိုးတော့လည်း ပိုကောင်းတာပေါ့ "

"ဟုတ်ကဲ့ လေးလေး "

"သူတို့လည်း သွားဖို့ အဆင်သင့်ဖြစ်နေကြပြီ "

"ဟုတ် ကျွန်တော် ဟိုမှာ အကုန်ရှင်းခိုင်းထားတယ် အဆင်သင့်နေရုံဘဲ ကျောင်းရှေ့တင်ဆိုတော့ နီးလည်းနီးတယ်

"ကျောင်းရှေ့တင်ပေါ့ "

"ဟုတ်ကဲ့ တစ်ကယ်လို့ အလင်းအဖော်မရှိရင် သူ့သူငယ်ချင်းတွေ ခေါ်နေလို့လည်း ရတယ်လေ "

"ကိုကွန့်က အလင်းအတွက် တွေးပေးနေတာဘဲ "

"အဟွန်း! "

အလင်းအတွက်ဆိုလည်း အလင်းအတွက်ပေါ့။ ဘာကြောင့်လဲ ဆိုတာ ကိုယ်တိုင်သိနေရင် ရပြီ။မမက အိမ်ရပြီဖြစ်ကြောင်း အိမ်လည်းရှင်းခိုင်းထားပြီးပြီမို့ အဆင်သင့် တက်နေလို့ ရကြောင်း ဖုန်းဆက်ပြီး အသိပေးလာတာမို့ အလင်းတို့ ကျောင်းတက်ရင် ပဲခူးမှာ နေလို့ရကြောင်းကို လေးလေးကို လာပြောတာ ဖြစ်၏။

"ခဏလေး ဦးလေး အလင်းတို့ကိုခေါ်ထားသေးတယ် တစ်ခါထဲ ပြောလိုက်ကြတာပေါ့ "

"ဟုတ်ကဲ့ လေးလေး! "

စာကြည့်ခန်းထဲ ရေနွေးကြမ်းသောက်ကာ စီးပွားရေးအကြောင်းတွေ ရောက်တတ်ရာရာ ပြောဆိုနေတုန်း တံခါးခေါက်သံအတူ ရုဏ်ရုဏ်တို့ မောင်နှမနှစ်ယောက် ဝင်လာကြ၏။ကွန့်ထူးလည်း ဝင်လာတဲ့ဆီ အကြည့်ပို့မိတော့ သူဝယ်ပေးထားတဲ့ ချည်သားဘောင်းဘီရှည်လေးကို တီရှပ်လေးနဲ့ တွဲဝတ်ထားတဲ့ ရုဏ်ရုဏ်။ ဘာမှမလိမ်းချယ်ထားတဲ့ မျက်နှာ ခပ်ပွပွဆံပင်လေးတွေက နုနုငယ်ငယ်ရုပ်ကလေးကို ပိုပြီး ချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေ၏။

"ထိုင်ကြ သားတို့ "

"ကိုကွန့်လည်း ရောက်နေတာဘဲ ဖေဖေနဲ့ ပြောစရာတွေ ရှိနေတယ် ထင်တယ် "

"ဟုတ်တယ် ညီမလေး "

ကွန့်ထူး ပြုံးပြီး ပြောလိုက်တော့ ကောင်ငယ်လေးရဲ့ အကြည့်က သူ့ဆီဝေ့လာတာကို မျက်ဝန်းထောင့်ကနေ လှမ်းမြင်လိုက်ရ၏။ ဒီကောင်လေးကို မွေးစားဖို့ကိစ္စကလည်း သေချာမမေးရသေးတာကြောင့် ဦးလေးဆီက ခွင့်မတောင်းရသေးတာ။ကိုရှင်းကလည်း ဒီအတောအတွင်း စဥ်းစားပါအုံးဟု ဆိုတာကြောင့် ပဲခူးက ပြန်လာပြီးမှဘဲ မေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်၏။

မောင့်အာရုဏ်ဦး // COMPLETE //Où les histoires vivent. Découvrez maintenant