👨‍❤️‍👨 29 👨‍❤️‍👨

9.1K 485 20
                                    

~~~ သားကွန့်! သားသူငယ်ချင်းတွေကို တားပေးပါ မဟုတ်ရင် မကောင်းတာတွေဘဲ ဖြစ်လာလိမ့်မယ် ~~~

နိုးနိုးချင်း ကောင်လေးငယ်ဆီ ဖုန်းဆက်ဖို့ ဖုန်းကို ဖွင့်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့ စာကြောင့် ကွန့်ထူး မျက်ခုံးတွေ တွန့်ချိုးကုန်သည်။ ဖုန်းနံပါတ် စစ်ကြည့်လိုက်တော့ ဦးချမ်းရဲ့ ဖုန်း။ သူငယ်ချင်းတွေကို တားပေးပါဆိုတော့ ကိုရှင်းရဲ့ အမှုကိစ္စတွေနဲ့များ ပတ်သက်နေလို့လား။ စျာန်က တစ်ခါမေးဖူးပေမယ့် ကိုရှင်းကတော့ တစ်ခါထုတ်မမေးတာကြောင့် ကွန့်ထူးလည်း အခြေအနေကို တိတိကျကျ မသိ။ ချက်ချင်း ဦးချမ်းဖုန်းကို ပြန်ခေါ်ပေမယ့် စက်ပိတ်ထားတာနဲ့သာ တိုးတော့သည်။ ကိုရှင်းနဲ့ စျာန်ကလည်း ပြန်သွားပြီ ထင်၏။ ဆိုဖာပေါ်မှာ မတွေ့ကြတော့။ သိချင်လာရင် ထိန်းမရတဲ့ စိတ်ကြောင့် ဦးချမ်းနှင့် ပိုပြီးရင်းနှီးတဲ့ မမဆီသာ ဖုန်းဆက်မေးလိုက်ရတော့သည်။

"ဟယ်လို မမ "

"စောစောစီးစီး ဖုန်းဆက်လို့ပါလား ကိုကိုကွန့်ရဲ့ "

"သိချင်တာရှိလို့ မမရ "

"မေးစေရှင်! "

"ဦးချမ်းက ဘယ်မှာလဲ မမ သိလား ဘာတွေလုပ်နေလဲ "

"ဘယ်မှာလဲတော့ မမ မသိဘူး မမနဲ့ စိတ်ကောက်ထားတယ် "

"ဟုတ်လား ဘယ်လိုဖြစ်တာလဲ "

"ဒီလိုပါဘဲ ကိုကွန့်ရယ် မမ အထင်တော့ မြိတ်ဘက်မှာ ထင်တယ် ပုလဲလုပ်ချင်လို့ဆိုပြီး ဖေဖေ့ဆီက အခွဲတစ်ခုကို အတင်းတောင်းသွားတယ်တဲ့ "

"အတင်းတောင်းသွားတယ်!!!! "

"အင်း ဖေဖေတော့ အဲ့လိုပြောတာဘဲ "

"ဦးချမ်းက အရင်က လုပ်ဖို့ စိတ်မဝင်စားပါဘူးဆို အခုကျ အတင်းတောင်းသွားတယ် "

ကွန့်ထူးက မယုံနိုင်သလို မမပြောတာကို သံယောင်လိုက်ကာ ပြောတော့ မမက ရယ်သည်။ ကလေးတွေကို အသဲယားသလို ရယ်ပြီးတော့မှ

"ဟုတ်တယ် ဖေဖေက အဲ့အကြောင်း ထပ်မမေးနဲ့ဆိုလို့ မမလည်း မမေးတော့တာ တစ်ခုခုရှိပုံဘဲ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now