😾 30 😾

9K 481 41
                                    

နောက်ဆုံးနေ့နောက်ဆုံးနေ့ စာမေးပွဲဖြေပြီးလို့ ပြန်ရောက်တာနဲ့ ရုဏ်ရုဏ် စိတ်ကို လျှော့ချပစ်ကာ ကုတင်ပေါ် ခြေပစ်လက်ပစ်ကို လှဲဲချလိုက်သည်။ ခန္ဓာကိုယ်က ပုံမှန်ထက်ပင်ပန်းနွမ်းနယ်နေပြီး စိတ်တွေလည်း မကြည်မလင်ဖြင့် လေးလံကာထိုင်းမှိုင်းနေသည်။ ဘာမှလည်း မလုပ်ချင် မကိုင်ချင် ဘယ်မှလည်း မသွားချင်။ အလင်းတို့ကတော့ မပြန်ခင် ရွှေပြည်ကို သွားလည်ကြဖို့ လူစုနေကြ၏။ ဟိုနေ့က ကိစ္စဖြစ်ပြီးထဲက အလင်းက ပိုပြီး ဂရုစိုက်လာသလို မျက်စိအောက်က အပျောက်မခံ။ ရုဏ်ရုဏ်ကိုယ်တိုင်လည်း ဘယ်သူနဲ့မှ မတွေ့ချင်သလို စကားလည်းမပြောချင်။ အဲ့ဒီအစား ကိုကို့ကိုဘဲ တမ်းတနေမိသည်။

"ဖုန်းလေးတောင် မဆက်ဘူး ကိုကိုက "

တကယ်လည်း ကိုကိုဟာ ပြန်သွားတဲ့နောက်နေ့မနက်ခင်းကဘဲ ဖုန်းတစ်ခါခေါ်ထားတာ တွေ့ပြီး နောက်ထပ်, ထပ်မခေါ်ထား။ ဘာတွေများလုပ်နေရလို့ ရုဏ်ရုဏ့်ဆီ ဖုန်းမဆက်တာများလား။ ပြန်လာရင် ရုဏ်ရုဏ့်ကို သီချင်းဆိုပြမယ်ဆိုတဲ့ ကတိကိုလည်း မေ့သွားပြီထင်၏။ရုဏ်ရုဏ့်ဘက်က ဖုန်းကို စဆက်လိုက်သင့်လား။ အတွေးပေါင်းများစွာဖြင့် အိပ်ယာထက် ခွေခွေလေး နေနေမိသည်။

"လွမ်းတယ် ကိုကိုရယ်! "

အတွေးတွေထဲ လွမ်းတဲ့စိတ်ကလေးက အစားထိုးကာ ဝင်ရောက်လာသည်။ အသည်းနင့်အောင် ချစ်ရတဲ့ ချစ်ဦးသူမို့ တစ်စက္ကန့်လေးတောင် ခွဲမနေချင်ပါ။ ရုဏ်ရုဏ့်ရဲ့ စိတ်ရော၊ နှလုံးသားကိုရောက ကိုကိုရဲ့ အပိုင်တွေပါ။ ပညတ်ချက်တွေကြောင့်ရော အလင်းကြောင့်ရော၊ ထိခိုက်လာမယ့် ပတ်ဝန်းကျင်ကြောင့်ရောကြောင့် အဖက်ဖက်ကနေ အကုန်လိုက်စဉ်းစားနေတတ်တဲ့ ရုဏ်က ကိုကို့ကို ချစ်နေတာတောင် ကိုကိုက ရုဏ့်ကို ရူးမတတ်ချစ်မှန်း သိနေတာတောင် အဖြေပြန်မပေးနိုင်။ လာမယ့်ဘေးပြေးတွေ့ရအောင်လောက်အထိ ရုဏ်ရုဏ့်မှာ သတ္တိမရှိချေ။ ကိုကိုကတော့ အကုန်လုံးကို ကာကွယ်ပေးပါ့မယ်တဲ့။ ဒီကိစ္စက ဒီလောက်အထိ မလွယ်ကူမှန်း ရုဏ်သိတာပေါ့။ ပြီးတော့ အလင်းအတွက်ရှိသေးတာ။ ကိုကိုက အလင်းနဲ့ စေ့စပ်ထားတဲ့သူ၊ အလင်းရဲ့ သက်ဆိုင်သူ၊ ပြီးတော့ ကိုကို့ကို သဘောကျတယ်လို့လည်း ပြောထားတာ။ ဒီလိုအချက်တွေနဲ့တင် ကိုကို့ကို လက်လွှတ်လိုက်ဖို့ လုံလောက်နေပြီ။ ဒါကိုတောင် အသိစိတ်လွတ်ပြီး ရုပ်ရှင်ရုံက ပြန်လာတဲ့နေ့ကို ကိုကို့ကို အဖြေပေးပါ့မယ် စဉ်းစားပေးပါ့မယ် ပြောလိုက်မိသေးတာ။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now