💙14💙

8.6K 503 42
                                    

"ငါ စေ့စပ်ရတော့မယ် "

Viber Group ထဲ စာလေးတစ်ကြောင်း ရောက်လာချိန်မှာတော့ နေရာအသီးသီးကလူတွေ ကြည့်ကာ ဆွံ့အသွားကြ၏။ပေးစားမယ့် ကောင်မလေးကို သွားကြည့်တာ ရင်းနှီးအောင် လုပ်ဖို့ သွားတာလို့ ဆိုပေမယ့် ဒီအခြေအနေအထိကို မမျှော်လင့်ထားကြတာလေ။ ဆွံ့အသွားကြပုံများ တော်တော်နဲ့ ပြန်စကားမပြောကြတော့။တော်တော်လေးကြားမှ ကိုရှင်းက ပြန်ပြောလာ၏။

ကိုရှင်း : ဘယ်လိုဖြစ်တာလဲ ကိုကွန့် အတင်းအကြပ် စီစဥ်တာလား ဘယ်သူကလဲ "

ကွန့် : " အဲ့သဘောဘဲ ကိုရှင်း သဘက်ခါတဲ့ကွာ ဖွားပေါ့ "

စျာန် : " မင်းသဘောမပါတာကို ဘာလို့စေ့စပ်ပေးချင်နေကြတာလဲ "

ကွန့် : " ပဲခူးက ကိစ္စကြောင့် "

ဂျူး : "အရေးမပါတာ အခု ဘယ်လိုလုပ်မလဲ မင်း ဖားသားကြီးကို ပြောပြီး ငြင်းရင်ရော "

ကွန့် : " ငြင်းဖို့နေနေသာသာ အခုတောင် ပန်းမြိုင်နွယ်ကို လာနေပြီတဲ့ ဖွား လှမ်းခေါ်ထားတာ "

ဂျိမ်း : " အသဲကွဲ sticker "

စျာန် : " ဂျိမ်း!!! မင်း ဘာမှမပို့ဘဲနဲ့ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေ! "

ဂျူး : " ရန်ကုန်ထိ လာလုပ်ရင် သေအုံးမယ် "

ဂျိမ်းကို နှစ်ယောက်သား ဝင်ဆူကြတော့၏။ကွန့်ထူးကတော့ ဂျိမ်းက ဒီလိုပုံစံမျိုး ဆိုတာ သိပြီးသားမို့ ထွေထွေထွေထူးထူး ပြောမနေတော့။

ကိုရှင်း : "အခု ဘယ်လိုဖြစ်ချင်လဲ ကိုကွန့် စေ့စပ်ပွဲက ငြင်းမရလို့ ထွက်ပြေးချင်တယ်ဆိုရင် ငါတို့လုပ်ပေးဖို့ အဆင်သင့်ဘဲ "

ချစ်ဖို့ကောင်းလိုက်တာ သူတွေ။ ဘယ်လိုကိစ္စဖြစ်ဖြစ် စည်းစည်းလုံးလုံးနဲ့ တိုင်တိုင်ပင်ပင် ရှိတာက သူတို့အဖွဲ့ရဲ့ အားသာချက်တစ်ခုဘဲ။သို့ပေမယ့် အသက်နှစ်ဆယ့်လေးနှစ်အရွယ် ယောက်ျားလေးတစ်ယောက်အတွက် ပြဿနာကို ထိပ်တိုက်ဖြေရှင်းလိုက်တာက ကောင်းမယ်လို့ ကွန့်ထူး ထင်မိ၏။သို့ပေမယ့် ငြင်းဆန်လို့ မရတဲ့အခြေအနေ။

ကွန့် : " ဖွားက အသေဖြောင့်ချင်တယ်တဲ့ ငါ့မေမေကလည်း ကျစ်! "

ကိုရှင်း : " ဟုတ်ပြီ! ငါတို့ မင်းဆီလာခဲ့မယ် ဂျိမ်းကတော့ ပြဿနာရှင်းနေရလို့ လာဖြစ်မှာ မဟုတ်ဘူး အဲ့တော့မှ အခြေအနေ ကြည့်ကြတာပေါ့ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now