part 30

40 2 1
                                    

ရှောင်းကျန့်အိပ်ယာထကတည်းက ခေါင်းကသိပ်မကြည်တာနဲ့ ပုံမှန်ချိန်လို ဖြစ်မနေဘဲ ငြီးစိစိကြီးဖြစ်နေတာမို့
ရေကိုအကြာကြီးစိမ်ချိုးလိုက်တယ်။
ဇာတ်လမ်းကအဲတာနဲ့မပြီးသေးဘူး
‌bathtube ထဲမှာ အိပ်ပျော်သွားတာကြောင့် နိုးလာတော့ နှာတစ်ချေချေနဲ့ ပိုလို့တောင်နေမကောင်းဖြစ်လာသလိုဘဲ။ ရှောင်းကျန့် အဝတ်စားအမြန်လဲကာ စိုနေတဲ့ ဆံပင်အား dryer နဲ့ခြောက်အောင်မှုတ်လိုက်တယ်။

🎶🎶🎶🎶🎶

* ဘယ်သူပါလိမ့် *

စားပွဲပါ်တင်ထားတဲ့ ဖုန်းက မြည်လာတာကြောင့် ယူပြီးကြည့်လိုက်ရာ နှစ်ယောက်မရှိချစ်သူလေးဖြစ်နေတာကြောင့် ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးများ ကွေးညွတ်သွားရသည်။

* ဟဲလို ရိပေါ် *

* ကော အခုဘယ်သွားစရာရှိလည်း *

* မရှိပါဘူး ဘာလို့လည်း *

* အော် ခြံကိုတစ်ခေါက်လောက်သွားကြည့်မလားလို့ *

* ခြံ?? *

* အင်း ဟုတ်တယ် ဥယျာဉ်လုပ်မယ်ဆိုတော့ ပတ်ဝန်းကျင်လေးဘာလေးလေ့လာပြီး လိုအပ်တာလေးတွေစီစဥ်လို့ရအောင်လို့ *

ရှောင်းကျန့်စဉ်းစားမိသွားတယ် တက်ကြွလွန်းတဲ့လူငယ်လေးဝမ်ရိပေါ်က
အလုပ်လုပ်နိုင်ပေမယ့် သူကတော့ အခုချိန်အိပ်ယာထဲဘဲကွေးနေချင်မိတယ်။ အင်း ခတ်တာဘဲ မသွားချင်ဘူး နေမကောင်းဘူး ပြောလိုက်ရင်လည်း စိတ်မကောင်းဖြစ်သွားမယ့်ရိပေါ်‌ပုံစံကိုတွေးမိပြန်တော့လည်း သူ့ရဲ့ နှလုံးသားလေးဟာ အမိန့်မနာခံပြန်ဘူး။

* ကောင်းပြီလေ သွားကြတာပေါ့ *

* Ok ကောတို့အိမ်နားရောက်တော့မယ် *

* ဟမ်?? မင်းက ကိုယ့်ဆီလာနေတာလား *

* ဟုတ်တယ်လေ စောင့်နေနော်ကော *

* နေ.. *

တီ!...

စကားတောင်ဆုံးအောင်နားမထောင်ဘဲ ချလိုက်တဲ့ဖုန်းကြောင့် ရှောင်းကျန့်မှာသက်ပြင်းသာချမိတယ်။ ဝမ်ရိပေါ်ဆိုတာကအဲလိုဘဲ သူများတွေလို ချစ်သူဆီဖုန်းဆတ်တာ ချစ်တယ်ဘာညာတစ်ခွန်းတလေမှမပြောဘဲ သူပြောချင်တာသာ ပြောတယ်။ သူပြောချင်တာပြောလို့ဝရင် အခုလိုမျိုးဘဲဖုန်ချတက်သေးတယ်။ သူ့မှာတော့ ဟတ်ကော့ကြီးကျန်လို့.....။အင်းဝမ်ရိပေါ်ကအဲလိုမျိုးလူ့ဂွစာလေး..... ဒါပေမယ့် ရှောင်းကျန့်က ဝမ်ရိပေါ်ကို ချစ်တယ်။
###########

မတ်မွန်မြေမှ လွမ်းတေးကဗျာ ( Ongoing )Where stories live. Discover now