part 13

52 1 0
                                    

* အား ကျွတ်ကျွတ်ကျွတ် *

ကိုက်ခဲနေတဲ့ခေါင်းအားတစ်ချတ်
နှစ်ချတ်‌ေလာက်ထုလိုက်ပြီး ကုတင်ပေါ်မှာငူငူကြီးထိုင်နေမိတယ် ဘယ်လောက်တောင်သောက်ခဲ့လို့များ အခုလိုတွေတောင်ဖြစ်ရတာလည်း ညကဘယ်လိုအ‌ေဆာင်ပြန်ရောက်တယ် ဘယ်သူလိုက်ပို့တယ် ဘာဆိုဘာမှစဉ်းစားလို့မရအောင် ရှောင်းကျန့်ရဲ့ခေါင်းကနောက်ကျိနေတယ် စဉ်းစားလေခေါင်းနောက်လေဖြစ်တာကြောင့်စဉ်းစားမနေဘဲ ရေချိုးဆောင်သာဝင်လာလိုက်တယ် အဆင်သင့်စပ်ပေးထားတဲ့ရေစည်ပိုင်းထဲဝင်ထိုင်လိုက်မှဘဲ တစ်ကိုယ်လုံးအကြောအချဉ်တွေသက်သာသွားသလိုခံစားလိုက်ရတယ်။

* အခုမှဘဲလန်းဆန်းသွားတယ် *

အသာယာညည်းငြူလိုက်ရင်း
မနေ့ကအကြောင်းအား ဆတ်စဉ်းစားမိတယ်။ ဝမ်ရိပေါ်နဲ့ အတူတူ ကိုယ်တိုင်ချတ်ထားတဲ့ဝိုင်ကိုသောက်တယ်
တစ်‌ေယာက်နဲ့တစ်ယောက်ဘာမှန်းမသိတဲ့ စကားတွေကိုဖောင်ဖွဲ့ပြီး ပြောဖြစ်ကြတယ် ပြီးတော့သူငိုတယ် ဝမ်ရိပေါ်ကနူးနူးညံ့လေးချော့တယ် ပြီးတော့ထပ်သောက်ကြတယ် သူသောက်တာများသွားလို့ထင်တယ် ဝမ်ရိပေါ်ကဆတ်မသောက်ဖို့ပြောလာတယ် သူကဆတ်သောက်တယ် ပြီးတော့‌ေမှာက်သွားတယ် ကျန်တာဘာဆိုဘာမှမမှတ်မိတော့ဘူး သူဘာအမှားလုပ်မိခဲ့လဲ ဘာတွေများပြောခဲ့မိလဲ စဥ်းစားလို့မရဘူး...။

* ဦးရီးတော် *

အပြင်ကထန်းရန်ရဲ့အသံကိုကြားမှဘဲ
စဉ်းစားနေတာရပ်လိုက်ပြီး..

* အင်း *

* စစ်သူကြီးက‌ေတွ့ခွင့်တောင်းနပါတယ် *

* သိပြီ *

ရှောင်းကျန့် ရေချိုးခြင်းအမူကိုလက်စသက်လိုက်ပြီး အဆင်သင့်ပြင်ပေးတဲ့အဝတ်စားများကိုဝတ်လိုက်တယ် အပြင်ကိုထွက်လာလိုက်တော့ သူထိုင်နေကြထိုင်ခုံပေါ်မှာမိန့်မိန့်ကြီးထိုင်ပြီး ရေ‌ေနွးကြမ်းသောက်နေတဲ့လူတစ်ယောက် ဒီလူကိုသူသိတယ် သူ့ရဲ့စုံစမ်းမူကြောင့် ဒီလူဟာအရှင့်ကိုမုန်းတီးနေသူဖြစ်ပြီး သူ့ရဲ့ဆရာလည်းဖြစ်တယ် အဓိကက ပုန်ကန်တဲ့အရေးမှာစစ်ရေးစုဆောင်းရတဲ့သူဖြစ်တယ်။ အရင်ကရှောင်းကျန့်ကဘယ်လိုလူဘဲဖြစ်ဖြစ်အခုရှောင်းကျန့်ကတော့နည်နည်းလေးမှပုန်ကန်လိုစိတ်ရှိမနေဘူး။

မတ်မွန်မြေမှ လွမ်းတေးကဗျာ ( Ongoing )Onde histórias criam vida. Descubra agora