part 24

52 4 0
                                    

အိပ်ပျော်သွားပြီဖြစ်တဲ့ ကျန့်ကောရဲ့
နှဖူးပြင်အား ရိပေါ်နူးညံ့စွာနမ်းပြီးနောက်
ကြောင်အစွာငေးကြည့်နေကြတဲ့ လူကြီးတစ်သိုက်ကိုဖြေရှင်းချတ်ပေးရန်
ရိပေါ်သင့်တော်တဲ့စကားလုံးတွေကိုစီလိုက်ပေမယ့်လည်း ပြောမထွက်ခဲ့တာကြောင့် သက်ပြင်းသာချကာ ဆိုဖာပေါ်မှာဝင်ထိုင်လိုက်ပြီးမေးချင်တာမေးဆိုတဲ့အကြည့်နဲ့ကြည့်နေလိုက်တယ်။

* မင်းတို့နှစ်ယောက်ရဲ့ပတ်သက်မူကဘာလည်း *

ရှောင်းရန်ရဲ့မေးခွန်းအားထောက်ခံသည်နှယ် အားလုံးကခေါင်းငြိမ့်လိုက်ပြီး ဝမ်ရိပေါ်ရဲ့အဖြေကိုစောင့်ဆိုင်းနေမိတယ်။

* လေးနက်တယ် *

စကားလုံးသုံးတည်းပေမယ့်
အဓိပ္ပါယ်များစွာပါဝင်တယ်။
ရှောင်းရင်အသိအမှတ်ပြုရုံခေါင်းငြိမ့်လိုက်ပြီး ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကိုသေချာကြည့်ကာ....

* ဘယ်လောက်ထိလည်း *

* အနှိုင်းမဲ့ *

* ကောင်းပြီ ယွီချန်အခုကိစ္စကိုမင်းဘယ်လိုမြင်လည်း  *

အားလုံးရဲ့အကြည့်ဟာ ယွီချန်အ‌ေပါ်ရောက်လာတာကြောင့် သူသက်ပြင်းမောသာချမိတယ် ဇနီးဖြစ်သူကိုကြည့်လိုက်‌ေတာ့လည်း မျတ်ဝန်းတွေထဲကနေ
သဘောအတိုင်းလုပ်ပါလို့ပြောနေခဲ့တယ်။ သားဖြစ်သူကိုကြည့်တော့လည်း သူ့အဖြေကိုစိတ်မဝင်စားသည့်နှယ်။
‌သားကျန့်ကိုဘဲငေးကြည့်နေတယ်။

* သားကျန့်ရဲ့သ‌ေဘာထားကိုသိချင်တယ် *

ယွီချန်ရဲ့စကားအဆုံး အခန်းလေးကအပ်ကျသံပင်မကြားရ‌ေအာင်တိတ်ဆိတ်သွားတယ်။
ခနလောက်ကြာတော့ တိတ်ဆိတ်မူကိုဖြိုခွင်းလိုက်တဲ့ တံခါးခေါက်သံရယ်
ဆရာဝန်နဲ့နာ့စ်လေးတွေကြောင့် အားလုံးအာရုံအလုံးစုံဟာ
ကုတင်ပေါ်လှဲနေတဲ့ရှောင်းကျန့်အပေါ် ရောက်သွားခဲ့ပြီး ဆရာဝန်ရဲ့ လုပ်ဆောင်မူကိုမျတ်တောင်မခတ်စတမ်းငေးကြည့်နေကြသည်။
ဆရာဝန်ကစစ်ဆေးပြီးသည့်နှယ်
ရှောင်းကျန့်ရဲ့ဦးခေါင်းခွံဓာတ်မှန်အား
အားလုံးမြင်အောင် ကာရံထားတဲ့မှန်တွေရဲ့ထောင့်တစ်နေရာမှာ ထောင်ထားလိုက်ပြီး သူတို့ကိုလှည့်ကြည့်လာတာကြောင့် ရှောင်းရင်ခေါင်းငြိမ့်ပြလိုက်တယ်။

မတ်မွန်မြေမှ လွမ်းတေးကဗျာ ( Ongoing )Where stories live. Discover now