part 20

46 1 1
                                    

နန်းတွင်းရဲ့အာဏာလုပွဲဟာပြင်းထန်လာခဲ့ပြီ.....တစ်ချို့ပြည်နယ်လေးတွေမှာဆိုတိုက်ပွဲအသေးစားလေးကဖြစ်နေခဲ့ပြီ။ ပြည်သူတွေရဲ့မလုံခြံုမူတွေဟာ
လျှောက်တင်လွှာအဖြင့် ဘုရင့်ရဲ့ရှေ့မှောက်ကိုရောက်လာခဲ့ပြီ။
ပြည်သူတွေညဘက်မအိပ်ရဲလောက်တဲ့အထိ ပုန်ကန်မူတွေကဆိုးလာတဲ့အခါ
နန်းတွင်းကဖြေရှင်းဖို့ဖြစ်လာခဲ့တယ်။
ညီလာခံမှာထိုကိစ္စအားဆွေးနွေးဖို့အတွက် အာလုံးကိုဖိတ်ကြားတဲ့အထဲ
အိမ်ရှေ့စံရှောင်းကျန့်‌တော့
ပါမလာခဲ့ချေ။
အကြောင်းကတော့ ပြည်သူပြည်သားတွေရဲ့ အရေးကို မနှောင့်နှေးရအောင် ကိုယ်တိုင်ဖြေရှင်းချင်လို့ဆိုပြီး
နန်းပြင်ကိုထွက်သွားခဲ့တယ်။
          ###########

တစ်လလောက်ကြာတဲ့အခါ အောင်မြင်မူတစ်ချို့တစ်ဝတ်နဲ့နန်းတွင်းထဲ ရှောင်းကျန့်ပြန်လာခဲ့တယ်....ဒါပေမယ့် ပြောင်းလဲသွားတဲ့ နန်းတွင်းအခြေနေကြောင့် ရှောင်းကျန့်တုန်လှုပ်မိတာတော့အမှန်....။
ရှောင်းကျန့်အရှင်မင်းကြီးကို စိတ်ပူလာတာနဲ့ အဆောင်အားသွားကြည့်တော့
မျှော်လင်ချတ်တွေပျောက်ဆုံးသွားသလိုဘဲ နေမကောင်းဖြစ်နေတဲ့မင်းကြီး
နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကတောင်
ကျန်းကျန်းမာမာရှိနေတဲ့ မင်းကြီးဟာ
တစ်လအတွင်း အိပ်ယာထဲလဲသွားရအောင်ထိ ဘယ်အရာတွေကများ
အခုလိုဖြစ်အောင်လုပ်နေရတာလည်း...
ရှောင်းကျန့်ထိုနေရာမှပြေးထွက်မိသည်အထိ သူ့ရဲ့ဦးတည်ရာက ရှောင်းရင်နန်းဆောင်ပင်။

* အိမ်ရှေ့စံဝင်လို့မရ .. *

* ဖယ်!!! *

တာဆီးလာတဲ့ အစောင့်ကိုလည်း ရှောင်းကျန့်ဂရုမစိုက်နိုင်တော့ဘူး။
သူအမဖြစ်သူနဲ့တွေ့ဖို့ အလျှင်လို‌ေနတယ်။

* ရှောင်းကျန့် နင် *

ဖြန်း!!

ရှောင်းရင်တင်မကဘဲ ထိုစားပွဲမှာရှိနေကြတဲ့ ဝမ်ယိုးနဲ့ တခြားအာဏာရှိအမတ်တွေကပါ အံ့ဩဘနန်းဖြစ်သွားရတယ်။

* မင်းမှာအရှတ်မရှိတော့ဘူးလား
ဟမ်  ရှောင်းရင် အခုလိုမျိုးကိုယ့်ရဲ့
မိသားစုဝင်တောင်ပြန်လုပ်ကြံရဲတဲ့အထိ မင်းအာဏာကိုမတ်မောနေရတာလား ဟမ်!!ဖြေလေ ရှောင်းရင် ဖြေစမ်းပါ !! *

မတ်မွန်မြေမှ လွမ်းတေးကဗျာ ( Ongoing )Where stories live. Discover now