part 19

47 1 0
                                    

တက်ခဲ့သမျှညီလာခံတိုင်းမှာ
ဒီနေ့ညီလာခံက ရှောင်းကျန့်အတွက်အပျော်ဆုံးနဲ့ အကျိုးအရှိဆုံးလို့‌ထင်တယ်။ ပြီးတော့သူဘက်ကခြေတစ်လှမ်းသာသွားခဲ့တဲ့အချိန်လည်းဖြစ်တယ်။
ရှောင်းကျန့်စိတ်ပျော်နေတာနဲ့ သွားနေကြ မတ်မွန်ဥယျာဉ်ကိုဘဲ ဦးတည်လိုက်တယ် မပါမဖြစ်ထန်းရန်ဆိုတဲ့ကောင်လေးလည်းပါတာပေါ့
သူထန်းရန်ကိုစတွေ့တုန်းက တိုက်ပွဲအတွင်းမှာဖြစ်တယ် နှစ်နိုင်ငံချဲ့ထွင်ရာမှာ အပြစ်မဲ့တဲ့ပြည်သူတွေဒုက္ခ ခံစားရတဲ့အချိန်တွေ... မိဘတွေဆုံးရှုံးသွားတဲ့ထန်းရန်က မိုးရေတွေကြားထဲ ဝမ်းနည်းတစ်ကြီးအော်ငို‌ေနခဲ့တယ်.. ကြင်နာမူမရှိတဲ့ တိုက်ပွဲအတွင်းမို့ တစ်ဖတ်နိုင်ငံက လေးအားဆွဲတင်လိုက်ပြီး
ထိုကောင်လေးအားပစ်ရန်ရည်ရွယ်လိုက်စဉ်
ရှောင်းကျန့်အလျှင်မြန် ကာကွယ်လိုက်တာကြောင့် ထန်းရန်အသက်ရှင်နေရခြင်းဖြစ်သည်။

သွားစရာ‌နေရာမရှိတဲ့ထန်း‌ရန်က
သူ့ကိုရှောင်းကျန့်အနားမှာနေခွင့်ပေးဖို့တောင်းဆိုလာခဲ့တယ် ရှောင်းကျန့်ကလည်း သနားတာနဲ့ တပည့်အဖြစ်လက်ခံခဲ့တယ် ပင်ကိုယ်ပါရမီပါတဲ့ထန်းရန်က‌လေ့ကျင့်ရာမှာ သူ့ထက်သာနေပေမယ့်လည်း မနာလိုစိတ်မဖြစ်ဘဲ အခုလို ကိုယ်ရံတော်လိုအနားမှာဆတ်ခေါ်ထားဖြစ်တယ်။

              $$$$$$$$$$

* အိမ်ရှေ့စံဒီနေ့စိတ်ပျော်နေတယ်ထင်တယ် ဘာလို့လည်း *

* အင်း ရန်သူ့ထက်ခြေတစ်လှမ်းသာသွားလို့ ပျော်နေတာ *

မတ်မွန်ပင်ကြီးကိုအပြုံး‌‌ေတွနဲ့
ငေးကြည့်နေတဲ့
အိမ်ရှေ့စံကိုကြည့်ပြီး သူလည်းအိမ်ရှေ့စံနည်းတူပျော်ရပါတယ်။
အိမ်ရှေ့စံဆိုတာ သူ့အတွက်
အသက်သခင်‌ေကျးဇူးရှင်ဖြစ်သလို
တစ်ဦးတည်းသောသူငယ်ချင်းလည်းဖြစ်တယ်။

* ဦးရီးတော် *

ရှောင်းကျန့်တိုက်ခတ်နေတဲ့ လေပြေအေးတွေကိုခံယူရင်း နားထဲခေါ်သံကြားလာတာကြောင့် အလိုမကျစွာ မျတ်ခုံးတို့စုကျုံ့သွားရတယ်။

* ဘာလာလုပ်တာလည်း *

ရှောင်းကျန့်မင်းသားဘက်အား
လှည့်ကြည့်လိုက်ပြီး
မေးလိုက်တဲ့အပေါ်
မျတ်မှောင်ကျုံ့ကာကြည့်လာတဲ့ မင်းသား... ရှောင်းကျန့်နည်းနည်းတော့
ကြောင်သွားတယ် ဒီကလေးဟာ
ဘယ်လိုအရာကိုမဆို ရိုးသားချင်ယောင်ထားတက်တယ် အခုလိုမျိုး
ခံစားချတ်ကိုမျတ်နှာမှာမပြတက်ဘူး။
အခုတော်တော်စိတ်ဆိုးနေလို့ဖြစ်မှာ။

မတ်မွန်မြေမှ လွမ်းတေးကဗျာ ( Ongoing )Where stories live. Discover now