ထိုနေရာတွင်ပင် သူ့ကို တစ်ချိန်လုံး ငြိမ်ငြိမ်လေးစောင့်နေပြီး သူ့ခံစားချက်များကို လက်ခံပေးနေပေလိမ့်မည်။ 

“ယင်ညန်” 

ကျန်းကျိရင် မျက်နှာသစ်ရင်း အကြင်သူ၏ နာမည်ကို တမ်းတစွာ ရေရွတ်လိုက်မိသည်။ 

System  test ဖြစ်ပါစေ Bug ဖြစ်ပါစေ သူကတော့  မသိစိတ်မှရော သိစိတ်ထဲမှရော ထိုနာမည်သည် သူ့ကို ဝိုင်မှ တုံ့ပြန်လာသော သူ့ကို ပြောပြလာသော ဝိုင် ၏ နာမည်ဖြစ်သည်ဟုသာ ယုံကြည်မိသည်။ 

......................... 

ကျန်းကျိရင် အိမ်ရှင်းပြီးနောက် တာ့ကျားနှင့် တာ့ရိကို ဖုန်းခေါ်လိုက်သည်။ သူ့ကို ဂရုစိုက်ပေးကြသည့်အတွက် သူတို့ကို ကျေးဇူးတင်ချင်သောကြောင့် ညနေခင်းတွင် ညစာလာစားကြရန် ဖိတ်လိုက်သည်။ တာ့ကျားနှင့် တာ့ရိတို့က ပျော်ရွှင်စွာပင် လက်ခံခဲ့ကြသည်။ 

တာ့ကျား : “ဧည့်ခန်ထဲမှာပဲ စားရင်ရနေတာကို ဘာလို့ ထမင်းစား စားပွဲကို အိပ်ခန်းထဲ ရွှေ့လိုက်ရတာလဲ” 

ကျန်းကျိရင်သည် အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုခန်းတစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါသော အိမ်ခန်းတစ်ခန်း ငှားထားသည်။ အိပ်ခန်းသည် စာကြည့်ခန်းကဲ့သို့ ပြင်ဆင်ထားပြီး ဧည့်ခန်းသည် ဧည့်ခန်းရော ထမင်းစားခန်းရော ဖြစ်သည်။ 

ကျန်းကျိရင်သည် အလွန်အင်မတန် သဘောကောင်းပြီး ဧည့်ခန်းဆီသို့ လူလေးယောက်ထိုင်စား၍ ရသော စားပွဲကို ချက်ချင်း ရွှေ့လိုက်သည်။ 

“ကောင်းပြီ ကောင်းပြီ ဒီမှာပဲ စားကြစို့” 

တာ့ကျား : “... ဒါပေမဲ့ ဘာလို့ မင်းရဲ့ လပ်တော့ကြီး ယူလာတာလဲ” 

“ဘော့စ်ကိုလည်း ငါတို့နဲ့ အတူညစာစားခိုင်းကြမယ်လေ” 

ကျန်းကျိရင် သဘာဝကျကျပင် ပြောလိုက်သည်။ တာ့ကျားနှင့် တာ့ရိတို့သည် သူတို့နှင့် အကျွမ်းတဝင်ရှိနေသော လပ်တော့စခရင်ပေါ်မှ <Tomorrow> ဂိမ်း၏ စွန့်ပစ်ခံဓာတ်ခွဲခန်း ပုံရိပ်ကို ကြည့်လိုက်သည်။ 

“ငါတို့ ညစာစားနေကြတာကို ဘော့စ်ကို အိပ်ခန်းထဲမှာပဲ ချန်ထားလိုက်ရင် မကောင်းဘူးလေ” 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now