မှားသောရင်ခွင် 💔

1.5K 132 0
                                    

မှားသော ရင်ခွင် (9)💔

ငွေကြေး ဂုဏ်ဒြပ်နဲ့
အဆင့်အတန်းတွေ မတူညီတဲ့အခါ
နိမ့်ပါးသူက အမြဲ အရူံးပဲ....

............................၊

''မောင်  ဒီနေ့တော့ ကိုယ်ပြန်မလိုက်တော့ဘူး....
မေမေနဲ့ ခနနေပေးချင်လို့ပါ...မနက်မှ လာခေါ်တော့နော်..''

''မောင်တော့ လွမ်းနေရတော့မှာ အချစ်ရယ်...
ကားပေါ်မှာပဲ မောင်အိပ်လိုက်တော့မယ်...
မောင်ဒီမှာနေမယ်နော် မနက်ကျရင် Jeon jimin လေးက
ထွက်လာခဲ့လေ...''

''အာ..မဟုတ်တာမောင်ရယ်..အိမ်ကိုပဲပြန်ပါ....
မနက်မှ လာခေါ်နော်....''

''မောင်လွမ်းနေမှာ အရမ်းးး...''

''သိတယ် ေမာင်....''

''မောင့်ကို မထားခဲ့ပါနဲ့နော်...''

''ထားခဲ့စရာလားမောင်ရယ်.... ကိုယ့်မှာမောင်ပဲရှိတာကို...
သိရဲ့သားနဲ့...''

''အာ့ဆို မောင့်ကိုပဲ အိမ်ခေါ်ပါလား အချစ်ရယ်...
မောင်ခွဲပြီးမနေနိုင်လို့ပါ....''

''တညလေးကိုမောင်ရယ်... ပိုလိုက်တာ....
သွားတော့ မေမေ မျှော်နေတော့မှာ လာရစ်မနေနဲ့..''

''နှိပ်စက်တယ်ဗျာ.... ဒီကသူ့ကိုမခွဲမှ မခွဲ နိုင်တာကို... ''

''ကဲ.... မောင် က အရစ်ကွာ....
ဟိုမှာ မေမေ ကားသံကြားလို့ ထွက်လာနေပြီတွေ့လား...
ဒီနေ့တော့ လိမ္မာပြီး အိမ်ကိုပြန်နော်.. အခွင့်သာတဲ့အခါ
အိမ်ခေါ်ခွင့်ရအောင် ကိုယ်မေမေ့ကို တောင်းဆိုပေးမယ်...
ဟုတ်ပြီလား...''

မေမေ ထွက်လာတာမြင်မှ မောင်က သူဆုပ်ကိုင်ထားတဲ့
လက်ကလေးတွေကို လွှတ်ပေးလာသည်....
မေမေက လူရိုးလူအေးဖြစ်တာကြောင့်
မောင်နဲ့ Jimin တွဲတာကို ဘာမှမပြောပေမယ့်
မောင့်မိဘတွေရဲ့ အိမ်ထိလိုက်လာပြီး
ပိုက်ဆံကြောင့် မောင့်ကို တွဲပါတယ် ဆိုသော
စွပ်စွဲချက်တွေအောက်မှာ မိဘပီပီ ရင်နာသည်မို့
မောင်နဲ့ အတွေ့မခံပေ.....

''မောင်လွမ်းနေမယ်နော်...ထမင်းလဲစားနော်...
ပြီးတော့မောင့်ကိုလဲ လွမ်းနေနော်...''

ငိုချတော့မတပ်မောင့်မျက်ဝန်းဝိုင်းဝိုင်းလေးတွေကြောင့်
မောင့်ပါးလေးကို ရွှတ်ခနဲ နမ်းကာ ကားပေါ်က ဆင်းလိုက်သည်
မောင်က သိပ်ပိုလိုက်တာလို့လဲ မပြောရက်ပါဘူး...
မောင်သိပ်ချစ်တာလေ....
ငြိုငြင်စရာမှ မဟုတ်တာ...
မောင့်အချစ်တွေကိုတရက်မှ ငြိုငြင်ခဲ့ရတယ်လို့ မရှိပါဘူး....
ပိုပိုတိုးပီးပဲ ချစ်လာခဲ့တာ....

မှားသောရင်ခွင် 💔Место, где живут истории. Откройте их для себя